နေ့လည် ၂ နာရီကနေ ၅ နာရီ အတွင်း တရားဝင် အိပ်စက်ခွင့်ရှိတဲ့ မြို့
သင်ဟာ ဒီ သတင်းကို ဖတ်ပြီးရင်တော့ စပိန် နိုင်ငံက ဗလင်စီယာ မြို့မှာ ပြောင်းရွှေ့နေထိုင်ချင်စိတ်ပေါက်သွားမှာသေချာပါတယ်။
ဗလင်စီယာ မြို့ရဲ့ မြို့တော်ဝန်ဖြစ်တဲ့ Joan Faus Vitoria ဟာ သူအုပ်ချုပ်တဲ့ မြို့မှာ နေ့လည် ၂နာရီကနေ ၅ နာရီ အတွင်း တရားဝင်အိပ်စက်ချိန် အဖြစ် သတ်မှတ်ပေးလိုက်လို့ ပဲ ဖြစ်ပါတယ်။
စပိန်နိုင်ငံဟာ ရာသီဥတု အခြေအနေအရ လဲလျောင်းအိပ်စက်ခြင်းတွေကြောင့်နာမည်ကြီးတဲ့ တိုင်းပြည်တစ်ခုပါ။ အခုတစ်ကြိမ်ကတော့ ပထမဆုံး အကြိမ်ဖြစ်ပြီး မိဘတွေအနေနဲ့လည်း သူတို့ရဲ့ ကလေးတွေကို အိမ်ထဲမှာ ရှိနေတာသေချာစေဖို့နဲ့ ထို အချိန်အတွင်းမှာ မလိုအပ်တဲ့ ဆူညံသံတွေကို မလုပ်ဖို့လည်း ပြည်သူတွေကို မှာကြားထားတယ်လို့ သိရပါတယ်။
မြို့တော်ဝန် Vitoria ကတော့ မြို့ရဲ့ အပူပြင်းဆုံး အချိန်ကာလမှာ လယ်သမားတွေ ခဏတစ်ဖြုတ် နားနိုင်ဖို့အတွက် အိပ်စက်ချိန်ကို သတ်မှတ်ချင်နေခဲ့တာ ကြာပါပြီ။ဘာပဲ ဖြစ်ဖြစ် အခုလိုသတ်မှတ်မှုအတွက်လည်း ဘယ်သူကမှ စောဒက မတက်ခဲ့ကြပါပဲ မြို့နေပြည်သူတွေကလည်း မြို့တော် ပိုမိုကောင်းမွန်လာဖို့အတွက် လက်ခံခဲ့ကြတယ်လို့ သိရပါတယ်။
မြို့တော်ဝန် ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြည်တွင်းသတင်းဌာန တစ်ခုကို ပြောပြခဲ့တာကတော့ "ဒီမှာရှိတဲ့လူအများစုဟာ ကျေးလက်မှာ အလုပ်လုပ်ကြပါတယ်။ဒါကြောင့် နေ့လည်စာစားချိန်ကို ကြာရှည်စွာ အသုံးပြုတာနဲ့ စားပြီးတဲ့အချိန်မှာ အိပ်စက်ချိန်ယူတာဟာ ဒီမှာ ပုံမှန်လိုဖြစ်နေပါပြီ" လို့ ဆိုပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Metro
0 comments:
Post a Comment