Powered by Blogger.

ဖိလစ်ပိုင်နိုင်ငံမှာ ဂရင်းနစ်စံချိန် ထပ်တင်လိုက်ပြန်တဲ့ Zumba အက ၀ါသနာရှင်များ


Add caption


ဖိလစ်ပိုင်နိုင်ငံမှာ ရှိတဲ့ Zumba အက နဲ့ပတ်သက်ပြီး အယူသည်းသူတွေဟာ ကမ္ဘာ့ ဂရင်းနစ် မှတ်တမ်းမှာ စံချိန်တင်ခဲ့ပြန်ပါပြီ။

တနင်္ဂနွေနေ့က ဖိလစ်ပိုင် နိုင်ငံ ၊ Mandaluyong မြို့တော် ရဲ့ လမ်းတွေပေါ်မှာ လူဦးရေ ၁၂၉၇၅ ယောက်ဟာ နေရာယူထားခဲ့ပြီး Zumba အက ကို ဆင်နွှဲကာ ကမ္ဘာ့ စံချိန်တင်ခဲ့တာပဲ ဖြစ်ပါတယ်။ အရင်တစ်ခေါက် စံချိန်ကတော့ လူဦးရေ ၈၂၃၂ ယောက်သာ ရှိခဲ့ပြီးအခုတစ်ကြိမ်မှာတော့ လူဦးရေ ၄၀၀၀ ကျော် အပြတ်အသတ် အကွာ နဲ့ ထပ်မံ စံချိန်တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အက ၀ါသနာရှင်တွေဟာ လမ်းတွေပေါ်မှာ အ၀ါရောင်တွေဖုံးလွှမ်းသွားစေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ အားလုံးဟာ အ၀ါရောင် တီရှပ်တွေဝတ်ဆင်ခဲ့ပြီး Zumba အက နည်းပညာကို မိနစ် ၃၀ တိတိ ဆင်နွှဲခဲ့ကြလို့ပါပဲ။ အရင်တစ်ခေါက် စံချိန်တင်ခဲ့တုန်းကလည်း ဖိလစ်ပိုင်နိုင်ငံမှာပဲ ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းက Cebu ကျွန်းစွယ်မှာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

Zumba ဆိုတာဟာ ကိုယ်အလေးချိန်ထိန်းညှိုပေးနိုင်မယ့် အက ပရိုဂရမ် တစ်ခုဖြစ်ပြီး ထို အက နည်းပညာ ကို အေရိုးဗစ် ကကွက်တွေနဲ့ Salsa ၊ Samba ၊ Hip-Hop ကကွက်တွေကို ပေါင်းစပ်ထားပြီး Zumba နည်းပညာ အတိုင်းကတဲ့သူတွေကို ကိုယ်အလေးချိန်လျှော့ချပေးကာ လှပသွယ်လျ နေစေတဲ့ အက တစ်မျိုးပဲ ဖြစ်ပါတယ်။

၁၉၉၀ ၀န်းကျင်ကစပြီး လူသိများကျော်ကြားလာတဲ့ထို Zumba အကပညာကိုတော့ ကိုလံဘီယာ နိုင်ငံက အကပညာရှင်တစ်ယောက်ဖြစ်သူ Alberto Perez က စတင်တီထွင်ခဲ့တာဖြစ်ပြီး တစ်ပတ်ကို လူဦးရေ ၁၅ သန်းခန့်က ကမ္ဘာတစ်ဝှမ်းလုံးက Zumba အက သင်တန်းကျောင်းတွေကို တက်ရောက်နေကြတယ်လို့လည်း သိရပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment