Powered by Blogger.

လူမြင်ကွင်းမှာ အမျိုးသား ၂ ယောက်နဲ့ လိင်ဆက်ဆံခဲ့တဲ့ အမျိုးသမီး က မရှက်ဘူးလို့ဆို




အသက် ၂၀ အရွယ် အမျိုးသမီးတစ်ယောက်ဟာ ကောင်းဘွိုင်ဦးထုပ်ဆောင်းထားတဲ့ အမျိုးသား ၂ ယောက် နဲ့ လူမြင်ကွင်းမှာ လိင်ဆက်ဆံ နေတဲ့ ဗီဒီယို တစ်ခု ပျံ့နှံ့လာခဲ့ပါတယ်။

အမည်မသိ အမျိုးသမီးတစ်ဦးက ထို မြင်ကွင်းကို ဗီဒီယို ရိုက်ကူးထားခဲ့တာပဲ ဖြစ်ပါတယ်။ Alexis Frulling ဆိုသူအမျိုးသမီးက ကနေဒါနိုင်ငံ ၊ Calgary မြို့မှာ ပြုလုပ်တဲ့ Stampede ပွဲတော်မှာ ရောက်ရှိနေစဉ် အရက်မူးပြီး လမ်းထောင့်တစ်နေရာ လူမြင်ကွင်းမှာ အမျိုးသား ၂ ယောက်နဲ့ လိင်ဆက်ဆံနေခဲ့တာပဲ ဖြစ်ပါတယ်။

ထို ရှက်ဖို့ကောင်းတဲ့ ဗီဒီယို ဟာ Reddit လူမှုကွန်ရက် ကို upload ပြုလုပ်ခဲ့တာ ဖြစ်ပြီး လူဦးရေ သိန်းနဲ့ချီပြီး ကြည့်ရှုခဲ့ကြသလို ထို Alexis Frulling ဟာလည်း ကနေဒါနိုင်ငံရဲ့ စတားတစ်ယောက် အလိုလို ဖြစ်သွားပါတော့တယ်။

"ကျွန်မလာတွေဖြစ်ခဲ့တယ်ဆိုတာကို တစ်ကယ်ဂုဏ်ယူတဲ့အကြောင်းကို ကျွန်မ မပြောပြတတ်ပါဘူး။ ဒါပေမယ့် ကျွန်မလုံးဝ မရှက်ပါဘူး။ အကယ်၍ သင်ဒါတွေကို ဂရိုစိုက်နေတယ်ဆိုရင် သင်ဘ၀ ကို ဘယ်လို ရှေ့ဆက်မှာလည်း။ ဘယ်သူကများ မကောင်းတဲ့ ဆုံးဖြတ်ချက်မချဘူးမှာမို့လို့လည်း" လို့ သူမက ဆိုပါတယ်။

ရိုက်ကူးခဲ့တဲ့ သူ ဘယ်သူဘယ်ဝါဆိုတာကို အတိအကျ မသိရပေမယ့်လည်း Alexis Frulling ကတော့ မီဒီယာ အချို့ရဲ့ ဟီးရိုး လို့ အရွဲ့တိုက်ပြီး သတ်မှတ်တာခံခဲ့ရသလို မကောင်းတဲ့မိန်းမ တစ်ယောက်အဖြစ်လည်း Reddit သုံးစွဲသူတွေက သတ်မှတ်ခဲ့ကြပါတယ်။ Calgary Herald သတင်းဌာန ရဲ့ ဖော်ပြချက်အရ အခုလို ညစ်ညမ်းတဲ့ပုံရိပ်တွေကို ဖြန့်ဝေတာ ဟာ တရားမ၀င်ဘူးလို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဟာ ဒီဗီဒီယို ရိုက်ကူး ဖြန့်ချီသူ ဘယ်သူဆိုတာကို သိနိုင်ဖို့ စုံစမ်းဖော်ထုတ်နေကြပြီး အမျိုးသမီး ၀ါဒီအချို့ ကတော့ Alexis ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ဝေဖန်သူတွေကို မကျေမနပ်ဖြစ်နေခဲ့ကြပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment