Powered by Blogger.

ကြက်ကြော်စားတာများသွားပြီး ရင်သားတွေကြီးထွားလာတဲ့ အမျိုးသား




အမျိုးသားတစ်ယောက်ဟာ သူကြိုက်တဲ့ ကြက်ကြော်တွေ မှာပါတဲ့ ဟော်မုန်းတွေကြောင့် ရင်သားတွေထွက်ပေါ်လာရတယ်လို့ ဆရာဝန်တွေက အခိုင်အမာဆိုလိုက်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ဘွဲ့ရ လူငယ်တစ်ဦးဟာ သူ့ရဲ့ ရင်သားတွေ တစ်ရက်ထက် တစ်ရက် ကြီးလာတဲ့အတွက် အကြံဥာဏ်ရယူဖို့ ဆရာဝန်တွေဆီ သွားရောက်တိုင်ပင်ခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကောလိပ် ဘွဲ့ရကျောင်းသား Mr Li ဟာ ကြက်တောင်ပံကြော်နဲ့ ကြက်ပေါင်တို့ကို တော့ အလွန် နှစ်သက်သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆရာဝန်တွေက သူ့ကို ပြောပြခဲ့တဲ့ စိတ်မကောင်းစရာ အကြောင်းအရာ ကတော့ သူ့ရဲ့ ရင်သားတွေ မိန်းကလေးတစ်ယောက်ကဲ့သို့ ကြီးထွားလာရခြင်းဟာ သူကြိုက်တဲ့ အသင့်စား Fast Food တွေကြောင့်ပဲ ဖြစ်တယ်ဆိုတာပါပဲ။

ကြက်ကြော်မှာပါဝင်တဲ့ ဟော်မုန်းတွေဟာ သူ့ရဲ့ရင်သားတွေကြီးထွားလာရခြင်းအတွက် အဓိက တာဝန်ရှိနေပြီး ဒါကို တားမြစ်ဖို့အတွက်တော့ အသီးအရွက်တွေနဲ့ သစ်သီးတွေကို ပိုမိုစားသုံးသင့်တယ်လို့ ဆရာဝန်တွေက Mr Li ကို အကြံပြုပြောကြားခဲ့ပါတယ်။

ကြက်ကြော်ဟာ ကမ္ဘာ့ပေါ်ပြူလာ အဖြစ်ဆုံး အစားအစာ တစ်ခု သဖွယ်ဖြစ်နေပြီး တဖြည်းဖြည်း များပြားလာနေတဲ့ တရုတ် ပြည်သူတွေကလည်း အလွန်နှစ်သက်နေကြပါတယ်။ ကြက်ကြော် အချို့နဲ့ အခြား အသား အသင့်စား အစားအစာ တွေကတော့ ကြွက်သားတွေ ပိုမိုကြီးထွားစေနိုင်တဲ့ ဟော်မုန်းတွေ များစွာ ပါဝင်တာကိုလည်း ဆရာဝန်တွေက ပြောပြထားပြီးသားပါ။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment