Powered by Blogger.

ပင်လယ်ဖျံ ကို ကြယ် ၅ ပွင့် ဟိုတယ်မှာ မွေးနေ့ပွဲကျင်းပပေးခဲ့တဲ့ သူဋ္ဌေးသား




ဒီ တိရိစ္ဆာန်ပိုင်ရှင် တစ်ယောက်ကို သင်တွေ့တွေ့ချင်းမှာပဲ သူ့ကို အရူးလို့ထင်မိသွားမှာပါ။ သူဟာ ပင်လယ် ဖျံ တစ်ကောင်ကို အိမ်မွေးတိရိစ္ဆာန် အဖြစ်မွေးမြူထားတဲ့အပြင် ထို ပင်လယ်ဖျံရဲ့ မွေးနေ့အတွက် ကြယ် ၅ ပွင့် အဆင့်ရှိတဲ့ ဟိုတယ် တစ်ခုမှာ ၂ ည အိပ် ခရီးစဉ်တစ်ခုနဲ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းဝင် သူဋ္ဌေးတစ်ယောက်ဖြစ်တဲ့ Wang Jianlin ရဲ့ သားဖြစ်သူဟာ သူမွေးထားတဲ့ ပင်လယ်ဖျံ ကို ပျော်ရွှင်အောင် ပြုလုပ်ပေးချင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ ဟိုတယ်တစ်ခုလုံးကို ငှားရမ်းခဲ့ပြီး ပင်လယ်ဖျံကို မွေးနေ့ကျင်းပပေးခဲ့တာပဲ ဖြစ်ပါတယ်။

ကျင်းပခဲ့တဲ့ ဟိုတယ်ကတော့ Qingdao မြို့မှာ ရှိတဲ့ Ocean Spring ဆိုတဲ့ ဟိုတယ်ပဲ ဖြစ်ပါတယ်။ ဟိုတယ် ၀န်ထမ်းကတော့ ပိုင်ရှင်နဲ့ ပင်လယ်ဖျံ ရဲ့ ရင်းနှီးလွန်းတဲ့ နေထိုင်ပုံ အပြုအမူတွေကို ကင်မရာ အမြန်ရှာပြီး မှတ်တမ်းတွေတင်ထားခဲ့ကြပါတယ်။

အသက် ၃၀ ခန့်သာ ရှိသေးတဲ့ သူဋ္ဌေးသားဟာ သူ့ရဲ့ ကြီးမားလှတဲ့ ပင်လယ်ဖျံ အတွက် အကောင်းဆုံး စားဖိုမှုးတစ်ယောက် ကို ခေါ်ယူပြီး စားသောက်ပွဲကြီးနဲ့ ညစာ လည်း ပြင်ဆင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ သူကိုယ်တိုင် သူ့ရဲ့ ပင်လယ်ဖျံကို အသီးအရွက်တွေနဲ့ ၀က်အူချောင်းတွေ ကျွေးနေတဲ့ ဓါတ်ပုံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ပင်လယ်ဖျံ ကတော့ အလွန်ပျော်ရွှင်နေပြီး ရေကူးကန်ထဲကကို တက်မလာချင်ခဲ့တဲ့အပြင် လိမ္မာ ပါးနပ်ပြီးသား တိရိစ္ဆာန် ဖြစ်တဲ့အတွက်လည်း ဟိုတယ်ဝန်ထမ်းတွေ သိပ် အလုပ်မရှုပ်ခဲ့ပါဘူး။

တရုတ် ပြည်သူတွေဟာ တရုတ်ဘာသာအရ "Tuhao" လို့ ခေါ်ပြီး မှားယွင်းတဲ့ ဇိမ်ခံနည်းတွေ အတွက် ပိုက်ဆံ အမြောက်အများသုံးစွဲတတ်ကြတာကိုလည်းတွေ့ရပါတယ်။ "Tuhao" ဆိုတဲ့ တရုတ်ဘာသာစကားအရ ရဲ့ အဓိပ္ပာယ်ကတော့ အညံ့စားချမ်းသာမှု လို့ အဓိပ္ပာယ်ရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment