Powered by Blogger.

မမှတ်မိချင်တဲ့မှတ်ဥာဏ်တွေ မြင်ယောင်နေခြင်းကို ထိန်းချုပ်ဖို့ မအိပ်ပဲနိုးကြားနေခြင်းဟာ အကောင်းဆုံးဖြစ်နေ




စိတ်ဖိစီးမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်ပေါ်စေတဲ့ Trauma ရောဂါ ဖြစ်အပြီးမှာ အိပ်မနေပဲ နိုးကြားနေခြင်းဟာ ပုံရိပ်တွေပြန်လည်မြင်ယောင်ပြီး နှောင့်ယှက်မှုကိုခံနေရခြင်းမှ လွတ်မြောက်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ သုတေသီတွေကဆိုလိုက်ပါတယ်။

သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ကြတာကတော့ အိပ်ရေးမ၀ပဲ ခဏတာသာ အိပ်ရခြင်းဟာ မဖိတ်ခေါ်ပဲရောက်လာတဲ့ မှတ်ဥာဏ်တွေကို တန်ပြန် သက်ရောက်မှုတွေဖြစ်ပေါ်စေတယ်ဆိုတာပါပဲ။

အောက်စ်ဖို့ဒ် တက္ကသိုလ်က သုတေသီတွေရဲ့ ပြောကြားချက်အရ အိပ်စက်ခြင်းဟာ မှတ်ဥာဏ်တွေကို စုစည်းသိမ်းဆည်းတဲ့ နေရာမှာသာ အကူအညီပေးနိုင်ပြီး ကိုယ်မမှတ်မိချင်တဲ့ မှတ်ဥာဏ်တစ်ခုက နှောင့်ယှက်နေခြင်းကို ခံနေရတဲ့အခါမှာ အိပ်စက်ခြင်းဟာ အကူအညီမပေးနိုင်ပါဘူး။

ထို ရှာဖွေတွေ့ရှိမှုဟာ အိပ်မက်ဆိုးမက်ခြင်း ၊ မမှတ်မိချင်တဲ့မှတ်ဥာဏ်ကြောင့် ပုံရိပ်တွေ မြင်ယောင်နေခြင်းတို့လို စိတ်ပိုင်းဆိုင်ရာ ရောဂါတွေကြုံလာတဲ့အခါမှာ လူနာကို အိပ်ဆေးသောက်ပြီး အိပ်ဖို့တိုက်တွန်းတတ်တဲ့ ဆရာဝန်တွေအတွက် လမ်းညွှန်ပြသ နိုင်ခဲ့ပါတယ်။

ထို သုတေသန ကိုဆောင်ရွက်ခဲ့တဲ့ အဖွဲ့ဝင် ဒေါက်တာ Katharina Wulff ဆိုသူရဲ့ ပြောကြားချက်အရတော့ သာမန်အိပ်စက်ခြင်းမျိုးရှိသူတွေမှာ မမှတ်မိချင်တဲ့ မှတ်ဥာဏ်တွေ မှတ်မိနေမှုကို အနည်းငယ်ဖြစ်ပေါ်စေနိုင်စွမ်းရှိပါတယ်။ အိပ်စက်ခြင်းဟာ စိတ်ခံစားချက်ဆိုင်ရာ မှတ်ဥာဏ်တွေ ရဲ့ လုပ်ဆောင်ချက်တွေကို အဆင့်မြှင့်တင်ပေးနိုင်နေပါတယ်။ ဒါကြောင့် မမှတ်မိချင်တာကို မြင်ယောင်နေမိတဲ့ အခြေအနေမှာ အိပ်စက်ခြင်းဟာ ထိုမြင်ကွင်းတွေကို ပိုမို တိကျစွာ မှတ်မိသွားစေတဲ့အတွက် အကူအညီမရနိုင်တာပဲ ဖြစ်ပါတယ်။

အရင်တုန်းက ရှာဖွေတွေ့ရှိဖူးတဲ့ အိပ်ရေးပျက်ခြင်းရဲ့ မကောင်းတဲ့ သက်ရောက်မှုတွေကိုပါ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ မအိပ်ပဲ နိုးကြားနေခြင်းဟာ မမှတ်ချင်တာကို မှတ်မိနေတတ်တဲ့ မှတ်ဥာဏ်ရဲ့ မကောင်းတဲ့ သက်ရောက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ အချိန်ပိုရသွားတဲ့အတွက် မမြင်ချင်တဲ့ ပုံရိပ်တွေမြင်ယောင်နေခြင်းကနေ ရုန်းထွက်ဖို့ အထောက်အကူဖြစ်စေနိုင်တာပဲ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment