Powered by Blogger.

လူတွေလို ဆက်သွယ်မှုပြုနိုင်တဲ့ Babbler ငှက်ကလေးများ




သြစတြေးလျမှာ ရှိတဲ့ Babbler ငှက်ကလေးတွေဟာ လူသားတွေ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်တဲ့ နည်းလမ်းနဲ့ ဆင်တူစွာပဲ ဆက်သွယ်ကြကြောင်းကို သုတေသနသစ်တစ်ရပ်က ထုတ်ဖော်ပြသခဲ့ပါတယ်။

သစ်အယ်သီးရောင် အမောက်ရှိတဲ့ ဒီ Babbler ငှက်တွေဟာ မတူညီတဲ့အသံတွေကို အတူတကွ ရေးစပ်သီကုံးပြီး ၄င်းတို့ကို မတူညီတဲ့ ပုံဖော်မှုတွေနဲ့ ရောနှောပြီး ကွဲပြားတဲ့အဓိပ္ပါယ်တွေကို ထွက်ဆိုကြပါတယ်။

ငှက်တွေဟာ မတူညီတဲ့ အသံတွေနဲ့ အသံပုံဖော်မှုတွေကို အတူတကွပြုလုပ်နိုင်စွမ်းရှိတယ်လို့ သိပ္ပံပညာရှင်တွေ သိခဲ့တာကြာခဲ့ပေမဲ့ ယခုလို တိကျရှင်းလင်းတဲ့ အဓိပ္ပါယ်တွေဆောင်နေတယ်ဆိုတာကို သိရတာတော့ ဒါပထမဆုံးအကြိမ်ဖြစ်ကြောင်း Zurich တက္ကသိုလ်မှ ဦးဆောင်သုတေသီ Sabrina Engesser ကပြောပြခဲ့ပါတယ်။

Babbler ငှက်တွေက သူတို့ရဲ့ သီချင်းတွေအတွင်း သံစဉ်တွေရဲ့ စီစဉ်ထားသိုမှုတွေကို ပြောင်းလဲရုံနဲ့တော့ ပြောပြချင်တဲ့အကြောင်းအရာက ပြောင်းလဲသွားတာမျိုးမဟုတ်ပါဘူး။ တစ်ကောင်နဲ့ တစ်ကောင်ဟာလည်း သီချင်းတွေဆိုပြီး အဆက်အသွယ်လုပ်ကြတာ မဟုတ်ပါဘူး။

ကွဲပြားတဲ့ အသံတွဲတွေကိုထုတ်ပြီး မတူညီတဲ့အခြေအနေရပ်တွေမှာ အသုံးပြုကြတာဖြစ်ပါတယ်။ Babbler ငှက်တွေဟာ အသံနှစ်သံတွဲကို အသုံးပြုပြီး ပျံသန်းဖို့ခေါ်တာရှိသလို၊ နောက်ထပ်ကွဲပြားတဲ့ နှစ်သံတွဲကိုအသုံးပြုပြီး အစာစားဖို့ကိုလည်းခေါ်တယ်လို့ သိပ္ပံပညာရှင်တွေက ရှင်းပြခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : YIBADA
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment