Powered by Blogger.

ဝတ်လစ်စလစ် ၀န်ဆောင်မှုပေးတဲ့ ဆံသ ဆိုင် ဖမ်းဆီးခံရ




ရုရှားနိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေဟာ မော်စကို မြို့မှာရှိတဲ့ ဆံပင်ညှပ်ဆိုင်တစ်ဆိုင် ကို ပိတ်သိမ်း ဖမ်းဆီးခဲ့ရပါတယ်။ ဖမ်းဆီးရတဲ့ အကြောင်းအရင်းကတော့ အမျိုးသမီး ဆံသပညာရှင်တွေဟာ ဧည့်သည်တွေကို ဆံပင်ညှပ်တဲ့အခါ ၀တ်လစ်စလစ် နဲ့ ညှပ်ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။

ဧည့်သည်တွေအနေနဲ့ ၀တ်လစ်စလစ် ဆံပင်ညှပ်ခြင်း (Naked Haircut) ကို တစ်ယောက်ကို စတာလင်ပေါင် ၅၀ နှုန်းနဲ့ ဆင်နွှဲနိုင်ပြီး ထို ဆံပင်ညှပ်ဆိုင်ရဲ့ ၀တ်လစ်စလစ် ဆံပင်ညှပ်ခြင်းဟာ ရေပန်းစားလာတဲ့အတွက် ဧည့်သည်တွေဟာ ဆိုင်အပြင်ဘက်လမ်းပေါ်မှာ တန်းစီနေရတယ်လို့ သိရပါတယ်။

ဒါပေမယ့် ပြသနာတွေစတက်ခဲ့တဲ့အကြောင်းအရင်းကတော့ ထိုဆံပင်ညှပ်ဆိုင်ရဲ့ အနီးအနားမှာရှိတဲ့ စိတ်ကျဝေဒနာသည်(Autistic) ကလေးငယ် စင်တာ အဆောက်အဦးထဲကို အရက်မူးသမားတွေဟာ ဆံပင်ညှပ်ဆိုင်နဲ့ မှားယွင်းပြီး ၀င်သွားကြလို့ပါပဲ။

ထို စင်တာရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Ludmila Mihailova ဆိုသူ အမျိုးသမီးက "ကျွန်မတို့ကလေးတွေကို အပြင်ထွက်ပြီး ဆော့ကစားစေလို့ မရနိုင်တော့ပါဘူး။ အဆောက်အဦးထဲကို ၀င်ချင်နေတဲ့ အရက်မူးသမားတွေ အများကြီးရှိနေလို့ပါ" လို့ဆိုပါတယ်။

ထောက်လှမ်းရေး ရဲအရာရှိတစ်ယောက်ဟာ ထို ဆံပင်ညှပ်ဆိုင်ကို ရုပ်ဖျက်ပြီး ၀င်ရောက်ထောက်လှမ်းခဲ့တဲ့အခါမှာတော့ ထိုဆံပင်ညှပ်ဆိုင်အတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းတွေ ပြုလုပ်နေတဲ့အပြင် ဧည့်သည်ဘက်ကပါ ၀တ်လစ်စလစ်နဲ့ ဆံပင်အညှပ်ခံချင်ရင် စတာလင်ပေါင်၁၀၀ ထပ်ပေးရတာကို သိလိုက်ရတဲ့အခါမှာတော့ ထို ရဲအရာရှိလည်း ရှော့ခ် ရသွားပါတယ်။

ထို ဆိုင်ရဲ့ ပုံမှန်ဖောက်သည်တစ်ယောက်ဖြစ်တဲ့ Sergey Voronov ကတော့ "သင်ဆိုင်ထဲကို ၀င်သွားတာနဲပ ရင်သားကြီးကြီးနဲ့ ကောင်မလေးတစ်ယောက် သင့်ကို ကြိုဆိုပြီး ကော်ဖီတိုက်ရင်း စကားတွေပြောပါလိမ့်မယ်။ အခြေအနေကောင်းတယ်ဆိုရင်တော့ သင်ဘယ်လို ၀န်ဆောင်မှု မျိုး လိုချင်တယ်ဆိုတာကို ညှိုနှိုင်းလို့ရနိုင်ပါတယ်" လို့ သူ့ရဲ့ အတွေ့အကြုံတွေကို ဝေမျှ ပြောပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆံပင်ညှပ်ဆိုင်ရဲ့ မန်နေဂျာကတော့ သူတို့ဆံပင်ညှပ်ဆိုင်က ပြည့်တန်ဆာ အလုပ်လုပ်ကိုင်နေတယ်ဆိုတာကို ငြင်းဆိုခဲ့ပြီး သူ့ဆိုင်က၀န်ထမ်းတွေဟာ ဧည့်သည်တွေနဲ့ လိင်ဆက်ဆံခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment