Powered by Blogger.

အရက်မူးလို့ လှောင်ချိုင့်ထဲထည့် အပစ်ပေးခံခဲ့ရတဲ့ စစ်သားတစ်စု




ယူကရိန်း စစ်သားတစ်စုဟာ အရက်မူးခဲ့ကြတဲ့အတွက် သံလှောင်ချိုင့်သေးသေးလေးထဲကို ထည့်ပြီး အပြစ်ပေးခံခဲ့ကြရပါတယ်။ ယူကရိန်း အရှေ့ဘက်ဒေသ Donbass ကစစ်သားတစ်စုဟာ အမူးပြေတဲ့အထိ လှောင်ချိုင့်အတွင်းမှာ ၀င်နေစေခဲ့တဲ့ ဗီဒီယိုဖိုင်ထွက်ရှိလာတာပါ။

သံလှောင်ချိုင့်အတွင်း မတ်တပ်ရပ်ဖို့ အမြင့်မလုံလောက်တဲ့အတွက် ၄င်းစစ်သားတွေဟာ နေရာကျဉ်းကျဉ်းလေးထဲမှာ စုပြီး ထိုင်နေခဲ့ကြရပါတယ်။ ဒီမြင်ကွင်းကို မြင်ရသူများကတော့ “ဟ စိတ်ပျက်ဖို့ကောင်းလိုက်တာကွာ” လို့ ဖော်ညွှန်းပြောဆိုကြပါတယ်။

ဒီကျက်သရေမရှိတဲ့ စစ်သားတွေကို အမူးပြေမှသာ အပြင်ထုတ်ပေးပြီး သူတို့ရဲ့ လက်နက်တွေကို သူတို့ဆီ ပြန်မပေးခင်မှာ သင်တန်းတိုတစ်ခု ပေးတတ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့ စည်းကမ်းတွေနဲ့ သူတို့ရဲ့ လုပ်ဆောင်မှုဟာ တပ်မတော်အတွက် ဘယ်လောက် အန္တရာယ်ရှိကြောင်းကို မေးခွန်းထုတ်ခံခဲ့ကြရပါတယ်။

“တချို့တပ်တွေမှာဆိုရင် အရက်ကို တော်တော်လေးစွဲနေကြပြီ။ ဒါ့ကြောင့် ထိရောက်တဲ့ တိုင်းတာစစ်ဆေးမှုတွေ လုပ်ဖို့လိုလာပြီ။ တချို့စစ်သားတွေအတွက်က၊ စည်းကမ်းဖောက်တယ်ဆိုရင်၊ သူတို့ဇနီးသည်တွေဆီ တပ်က အကြောင်းကြားပါတယ်။ ဒါကို ရှက်ပြီး ရှောင်ရှားချင်တဲ့သူက များတယ်လေ။” လို့ စစ်မြေပြင် သတင်းထောက်Andrei Tsaplinenki ကဆိုပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment