Powered by Blogger.

ကော်ဖီဆိုင်အတွင်း ဖောက်ထွင်းဝင်ရောက်သူမှာ သရဲဖြစ်ကြောင်း CCTV မှတဆင့်တွေ့ရှိ




ကော်ဖီဆိုင်ထဲကို ဖောက်ထွင်းဝင်ရောက်သူရှိတယ် CCTV ကတဆင့်တွေ့မြင်ခဲ့ကြောင်း ဆိုင်ပိုင်ရှင်က ထင်တဲ့အတွက် လျှပ်စစ်ကျဉ်စက်တွေကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့က အပြေးရောက်ရှိလို့လာခဲ့ပါတယ်။

ဒါပေမဲ့ ၄င်းဖောက်ထွင်းဝင်ရောက်သူဟာ သရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားပါတယ်။

Louth, Lincolnshrine မှာရှိတဲ့ Larders Coffee House ပိုင်ရှင် Michael Bristow ဟာ သူ့ရဲ့ တိုက်ရိုက်ပြ CCTV ကနေတဆင့် သူ့ဆိုင်ထဲကို လူရိပ်သဏ္ဍာန်တစ်ခု ၀င်ရောက်ခဲ့ကြောင်းကို သတိပြုမိခဲ့ပါတယ်။

ည ၁၀နာရီခွဲအချိန်မှာ ရဲတပ်သား ၄ယောက်ရောက်ရှိလာပြီး ဆိုင်ကို လှည့်လည်စစ်ဆေးခဲ့ရာမှာ ဖောက်ထွင်းထားခြင်းကိုသော်လည်းကောင်း၊ ဖောက်ထွင်းဝင်ရောက်သူကိုသော်လည်းကောင်း လက္ခဏာများမတွေ့ရှိရပေ။

CCTV မှတ်တမ်းကို ပြန်လည်ကြည့်ရှုစစ်ဆေးပြီးရာမှာ ကော်ဖီဆိုင်ဟာ သရဲခြောက်ခံရတာဖြစ်ကြောင်း Mr Bristow ကသဘောပေါက်ခဲ့ပါတယ်။

“မျက်နှာပြင်ကြီးကြီးမှာ အကြိမ်ကြိမ် ကျွန်တော်ကြည့်ခဲ့တာပါ။ အခန်းထဲက အရိပ်မဲမဲသဏ္ဍာန်တွေက ထူးဆန်းတဲ့ လှုပ်ရှားမှုတွေကို တွေ့ခဲ့ရတာပါ။ သာမန်အရပ်အမောင်းနဲ့ တီရှပ်ဝတ်ပြီး လျှောက်သွားနေတာကို ကင်မရာထဲမှာတွေ့ခဲ့ရတယ်။” လို့ Mr Bristow ကပြောခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment