Powered by Blogger.

ကမ္ဘာ့ပါးစပ်အကြီးဆုံး ပုဂ္ဂိုလ်




အိန္ဒိယ လူမျိုး သိပ္ပံပညာ သင်ကြားရေး ဆရာ တစ်ယောက်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပါးစပ် ကို ပိုင်ဆိုင်ထားသူ အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

Dinesh Upadhyaya ဆိုသူအမျိုးသားကို Maximouth လို့လည်း တင်စားခေါ်ဝေါ်ကြပြီး သူဟာ သူ့ရဲ့ ပါးစပ်ထဲကို ဘယ်သူမှ ထင်မထားတဲ့အရာတွေထည့်ပြပြီး သူဟာ ကမ္ဘာပေါ်မှာ ပါးစပ်အကြီးဆုံးသူ ဖြစ်ကြောင်းကို သက်သေပြခဲ့ပါတယ်။

သူဟာ သူ့ပါးစပ်ထဲကို ပလတ်စတစ်ပိုက်  ၁၀၀၁ ခုတိတိကို တစ်မိနစ်တိုင်တိုင် ထည့်ပြထားခဲ့ပါတယ်။ မွန်ဘိုင်း မြို့က သိပ္ပံ ဆရာ ဟာ ကမ္ဘာ့ပါးစပ်အကြီးဆုံး လူဖြစ်ကြောင်းကို ၄၈ ကြိမ်တိုင်တိုင် ကမ္ဘာ့စံချိန်တင်ပြပြီးပါပြီ။

သူဟာ တစ်ကြိမ်မှာတုန်းက စပျစ်သစ်း ၇၉ လုံးကို ငုံပြခဲ့ပြီး ဖယောင်းတိုင်အကြီး ၁၂ ချောင်းကိုလည်း တစ်ခါငုံပြပြီး ကမ္ဘာ့စံချိန်တင်ခဲ့ဖူးပါတယ်။

အရပ် ၆ပေ ၆ လက်မရှည်တဲ့ Dinesh ရဲ့ ပြောကြားချက်အရ သူ့ကိုအောင်မြင်စေခဲ့တာက သူ့ရဲ့နေ့တိုင်းလေ့ကျင့်ခဲ့မှု နဲ့ ပုံမှန်မဟုတ်စွာ ကျယ်ပြန့်လွန်းတဲ့ သူ့ရဲ့ ပါးစပ်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ 

"ကျွန်တော့်ပါးစပ်ထဲမှာ ဧရိယာ ပမာဏများများ ပိုမိုဝင်ဆန့်နိုင်ဖို့ ကျွန်တော် Yoga နဲ့ အသက်ရှုလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်လေ့ရှိပါတယ်" လို့ Dinesh ကဆိုပါတယ်။

သူဟာ အရင်အကြိမ်တွေတုန်းကလည်း ပင်ပေါင် ဘောလုံး ၆ လုံးကို ပါးစပ်ထဲထည့်ပြီး ငုံပြခဲ့ဖူးသလို ဖဲချပ် ၂၂၄ ချပ်ကိုလည်း ပါးစပ်ထဲထည့်ထားပြခဲ့ဖူးပြီး သူ့ရဲ့ ပါးစပ်ဟာ ခဲတံ ၁၀၂ ချောင်းထိ ဆန့်တယ်ဆိုတာကိုလည်း တစ်ကြိမ်တစ်ခါက သက်သေပြခဲ့ဖူးပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment