Powered by Blogger.

ဖိလစ်ပိုင်တွင် ကူးတို့လှေတိမ်းမှောက်၍ ၄၂ဦးသေ၊ ၁၁ဦးပျောက်ဆုံး




ဇွန်လ ၂ရက်နေ့မှာ ဖိလစ်ပိုင်ကူးတို့လှေတစ်စီးဟာ ဆိပ်ကမ်းမှထွက်ခွာပြီး များမကြာခင်မှာပဲ တိမ်းမှောက်သွားခဲ့ပါတယ်။

ရှာဖွေသူများက ဇွန်လ ၃ရက်နေ့မှာ အလောင်း ၄၂ခုကို ရရှိခဲ့တယ်လို့ အာဏာပိုင်များက ပြောပါတယ်။ ဖိလစ်ပိုင် Leyte ပြည်နယ်၊ Ormoc မြို့ကနေထွက်ခွာပြီး Cebu ပြည်နယ် Camotes ကျွန်းက Pilar မြို့ကိုသွားတဲ့ ကူးတို့လှေလို့ သိရပါတယ်။

နောက်ထက် ၁၁ဦးမှာ ပျောက်ဆုံးလျက်ရှိတယ်လို့ ဖိလစ်ပိုင် CNN က သတင်းထုတ်ပြန်ပါတယ်။ MB Nirvana အမည်ရှိ ယင်းကူးတို့လှေဟာ ကမ်းကထွက်ခွာပြီးမိနစ်ပိုင်းအတွင်း မီတာ၂၀၀ခန့်အရောက်မှာ မြှုပ်သွားခဲ့တာဖြစ်တယ်လို့ ဖိလစ်ပိုင် ဆိပ်ကမ်းစောင့်ရဲ ကပြောပါတယ်။

နစ်မြှုပ်သွားသောကူးတို့လှေတွင် လှေလုပ်သား ၁၄ဦးနဲ့တကွ ခရီးသည် ၁၇၃ဦး ပါရှိခဲ့ပြီး ၁၃၄ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်သူများထဲတွင် အမေရိကန်လူမျိုး ၃ဦးလည်းပါရှိခဲ့ပါတယ်။

“လှိုင်းလုံးသေးသေးလေးပဲ ရှိခဲ့တာ။ ပုံမှန်ပါပဲ။ ဒါပေမဲ့ မနေ့တုန်းက အဲ့ဒီ့လှိုင်းလုံးက ကူးတို့လှေကို တိမ်းမှောက်စေခဲ့တာ။ ဟန်ချက်များထိန်းနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်တော် ဘယ်ဘက်ကိုပြေးကပ်ခဲ့သေးတယ်။ လှေမှောက်သွားတော့ အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်လို့ အော်နေခဲ့တယ်။” လို့ အမေရိကန် ၃ဦးအနက်မှ တစ်ဦးက ဆိုပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : CNN
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment