Powered by Blogger.

ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်သူလျှိုအမျိုးသမီး ရရှိခဲ့သော ဆုတံဆိပ်များကို ပေါင် သုံးသိန်းဖြင့် လေလံတင်မည်




ဒုတိယ ကမ္ဘာစစ်အတွင်းက အမျိုးသမီး သူရဲကောင်းတွေထဲက တစ်ဦးဖြစ်တဲ့ လျှို့ဝှက်စုံထောက် Violette Szabo ချီးမြှင့်ခြင်းခံခဲ့ရတဲ့ ဆုတံဆိပ်တွေကို ပေါင်သုံးသိန်းနှင့် ရောင်းချမည်ဟု သိရပါတယ်။

နာဇီပါတီရဲ့ ညှင်းပန်းနှိပ်စက်မှုတွေခံရပြီး ရက်စက်တဲ့ ညှင်းပန်းနှိပ်စက်မှု စခန်းမှာပဲ ကွပ်မျက်ခံခဲ့ရတဲ့ Violette Szabo ဟာGeorge Cross ၊ Croix de Guerre နဲ့ အခြား ဂုဏ်ပြုချီးမြှင့်မှုတွေကို ရရှိခဲ့ပါတယ်။

သူမဟာ ၁၉၄၅ နှစ်စပိုင်းမှာ နာဇီပါတီရဲ့ ကွပ်မျက်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၇၀ ရှိပြီဖြစ်တဲ့ သူမရဲ့ သမီးဖြစ်သူကတော့ "ဒီ ဆုတံဆိပ်တွေကို ရောင်းချလိုက်တဲ့အတွက် ကျမ နောင်တ ရနေမှာပါ။ ဒါပေမယ့် လေလံအောင်သွားသူကလည်း ဒါတွေကို တန်ဖိုးထားမယ်လို့ ယုံကြည်ပါတယ်။" လို့ ဆိုပါတယ်။

ဂျော့ခ်ျဘုရင်ရဲ့ ကြက်ခြေခတ် (George Cross) ကို ရရှိဖူးတဲ့ အမျိုးသမီးကလေးဦးပဲ ရှိပါတယ်။ ပထမဆုံး ရရှိခဲ့တဲ့ Odette Sansom က သူမတို့အထဲမှာ Violette က သတ္တိအရှိဆုံးပါပဲလို့ ပြောခဲ့ဖူးပါတယ်။ "Curve Her Name with Pride" ဆိုတဲ့ ၁၉၅၈ခုနှစ်က ရုပ်ရှင်ဇာတ်ကားဟာ Violette ရဲ့ ဇာတ်ကြောင်းကို
ဖော်ညွှန်းထားတာ ဖြစ်ပါတယ်။



( TMW )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment