အမေရိကန် တွေအားလုံးကို သတ်ပစ်မယ်လို့ နှစ်ပတ်လည် အခမ်းအနားတစ်ခုမှာ Kim Jong-Un ပြော
ကမ္ဘာ့ စက်ဆုပ်ဖွယ်အကောင်းဆုံး အာဏာရှင်ကြီး Kim Jong-Un ဟာ ကိုရီးယား စစ်ပွဲ နှစ်ပတ်လည် နေ့မှာ အမေရိကန် တွေအားလုံးကို သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှု ကို ကြေညာလိုက်ပါတယ်။
မြောက်ကိုရီးယား အာဏာရှင်ခေါင်းဆောင်ကြီး Kim Jong-Un ဟာ အကယ်၍ စူပါပါဝါ လက်နက်တွေသုံးတဲ့ စစ်ပွဲသာ သေးငယ်တဲ့ နိုင်ငံ တွေအပေါ် ကို ကျရောက်လာခဲ့ရင် အမေရိကန် တစ်ယောက်မှ အသက်မရှင်စေရဘူးလို့ အခိုင်အမာဆိုလိုက်ပါတယ်။
ထို နှစ်ပတ်လည်နေ့ကတော့ မြောက်ကိုရီးယား နိုင်ငံရဲ့ အမေရိကန် နဲ့ တောင်ကိုရီးယား နိုင်ငံတွေအပေါ် အနိုင်ရခဲ့မှု အတွက် နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ Kim Jong-Un ဟာ လက်ရှိမှာလည်း ဖိုက်တာ လေယာဉ်တွေကိုတိုက်ခိုက်ဖို့ နဲ့ တိုက်ရိုက် နည်းဗျူဟာ ကို အကောင်အထည်ဖော်ပေးနိုင်မယ့် လက်နက်အသစ်တွေ စမ်းသပ်ကြည့်ရှု နိုင်တဲ့ ဓါတ်ပုံတွေ ထွက်ပေါ်ထားပါတယ်။
"အမေရိကန်တွေက ငါတို့ကို အနူမြူ လက်နက်တွေနဲ့ တားမြစ်စာရင်းထဲသွင်းလိုက်တဲ့အချိန်မှာ အမြဲတမ်းပျောက်ကွယ်သွားတဲ့ ခေတ်တစ်ခေတ်ဖြစ်လာစေခဲ့ပါတယ်။ အခုတော့ အမေရိကန်တွေဟာ ငါတို့အတွက် ကြောက်လန့်ရမယ့် လူတွေမဟုတ်တော့ပါဘူး။ ငါတို့ကိုသာ ကြောက်လန့်ရတော့မှာပါ" လို့ အာဏာရှင်ကြီး Kim Jong-Un က ဆိုပါတယ်။
ထို ၆၂ ကြိမ်မြောက် အခမ်းအနား နေ့ကိုတော့ မိန့်ခွန်းများ ၊ အလံလွှင့်ထူခြင်း အခမ်းအနားများနဲ့ ရိုးရာ အက တင်ဆက်မှု များကို ထည့်သွင်းကျင်းပခဲ့ပြီး ထို အခမ်းအနားမှာတေ့ Kim Jong-Un ဟာ သူ့ရဲ့ ဖခင် Kim Kong-il နဲ့ သူ့ရဲ့ အဖိုးဖြစ်သူ Kim-Il-Sung တို့ရဲ့ ရုပ်အလောင်းတွေကို ထားတဲ့ Kumsusan Palace of the Sun ကိုသွားရောက် ဂါရ၀ ပြုခဲ့တယ်လို့ သိရပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment