Powered by Blogger.

အောင်မြင်နေသူတွေ အားလပ်ရက်ကို ဘယ်လို ဖြတ်သန်းကြလဲ?



သင်ဟာ တနင်္လာနေ့ကတည်းက အလုပ်ထဲမှာ စိတ်နှစ်ပြီး တာဝန်တွေ ပြီးဆုံးအောင်လုပ်လာခဲ့ရပါတယ်။ ဒါကြောင့် သောကြာင်္နေ့ဟာ တစ်ပတ်တာမှာ သင့်အတွက် အပျော်ဆုံးနေ့ရက်ဖြစ်လာခဲ့ တာပါ။ သင်ဟာ မကြာ ခင်ရောက်လာမယ့် စနေ ၊ တနင်္ဂနွေ မှာ သင် စိတ်ရော လူပါ အနားပေးချင်မိမှာပါ။ ဒါပေမယ့်လည်း အားလပ်ရက်တွေမှာ သင်ဘယ်လို အနားယူရင်ကောင်းမလဲ စဉ်းစားလို့မရပါဘူး။ ဒါဆို အောင်မြင်နေသူ တွေ အနားယူ ပုံ ယူနည်းကို သင်လေ့လာဖို့လိုပါလိမ့်မယ်။

၁။ မိသားစု နဲ့ သူငယ်ချင်းများကို အချိန်ပေးလိုက်ပါ

အောင်မြင်သူတွေဟာ တစ်ပတ်လုံး မိသားစု နဲ့ သူငယ်ချင်းတွေကို ခဏမေ့ထားပြီး အလုပ်ကို တစိုက်မတ်မတ် လုပ်ကြပါတယ်။ ဒါပေမယ့် စနေ ၊ တနင်္ဂနွေ အားလပ်ရက် ရောက်တဲ့အခါမှာတော့ သူတို့တွေဟာ မိသားစု ၊ သူငယ်ချင်းတွေနဲ့သာ အချိန်ဖြုန်းကြပါတယ်။ အလုပ်ကို တတ်နိုင်သလောက်မေ့ထားကြပါတယ်။

၂။ ခရီးထွက်လိုက်ပါ

အောင်မြင်သူတွေဟာ ရတဲ့ အချိန် ၁ ရက် ၂ ရက်မှာ ရအောင် ခရီးထွက်ကြပါတယ်။ ခရီးထွက်ခြင်းဟာ စိတ်ကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ ၁ ရက် ၂ရက် အတွင်း ရအောင် ခရီးထွက်တဲ့အခါမှာလည်း အချိန် လုံလောက်ဖို့နဲ့ ပင်ပန်းတာ သက်သာစေဖို့ စီမံခန့်ခွဲမှု ကောင်းကောင်းလိုအပ်ပါတယ်။ ခရီးများများ ထွက်ခြင်း အားဖြင့်လည်း အချိန် နဲ့ အလုပ် ကို စီမံခန့်ခွဲနိုင်စွမ်းတွေ တိုးတက်လာမှာပါ။

၃။ ဖုန်းပိတ်ထားလိုက်ပါ

သင် ခရီးထွက်သွားပါစေဦးတော့ သင့်အလုပ်ကိစ္စတွေက သင့်ဆီကို တဂွမ်ဂွမ် ဖုန်းဆက်နေမယ် ဆိုရင် သင်အနားယူ ရာမရောက်တော့ပါဘူး။ နေ့စဉ် စိတ်ဖိစီးမှုတွေကို အဝေးတစ်နေရာမှာ သွားခံစားနေတာနဲ့ တူနေပါလိမ့်မယ်။

၎။ ၀ါသနာ ကို ဦးစားပေးလိုက်ပါ

သင်ဟာ အားလပ်ရက်မှာ တစ်နေရာရာ ကို သွားချင်စိတ်တော့မရှိဘူး။ အိမ်မှာပဲ နေချင်တယ်ဆိုရင်တော့ သင်လက်ရှိမှာ အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်နေတဲ့ အလုပ်ကလွဲပြီး သင် ၀ါသနာပါရာ တစ်ခုခုကိုလုပ်ပါ။ ဂစ်တာတီးတာပဲ ဖြစ်ဖြစ် ၊ ရေကူးတာပဲဖြစ်ဖြစ် ၊ ဂိမ်းဆော့တာပဲဖြစ်ဖြစ် ၊ စာအုပ်ဖတ်တာပဲ ဖြစ်ဖြစ် ။ သင်ရဲ့ အားလပ်ချိန်တွေမှာ ပျော်ရွှင်နေဖို့လိုပါတယ်။

၅။ ကျန်းမာရေးလိုက်စားပါ

ဒီအချက်ကတော့ လူတိုင်းအတွက် အသုံးမ၀င်ပေမယ့်လည်း တစ်ချို့တစ်ဝက် အတွက်တော့ အကျိုး ရှိစေမှာပါ။ သင်ဟာ တစ်ပတ် လုံး အားကစားတောင် လုပ်ချိန်မရခဲ့ပါဘူး။ သင်အလုပ်လုပ်ရတဲ့အနေအထားက သင့်ကို ကျန်းမာရေးနဲ့ မညီညွတ်စေပါဘူး။ ဒါကြောင့် ကျန်းမာရေးအတွက် အချိန်ပေးလိုက်တာ ပိုအဆင်ပြေနိုင်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Menxp
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment