Powered by Blogger.

နှစ်ပေါင်း ၁၅၀၀ ခန့် ရှိနေပြီဖြစ်တဲ့ မံမီပြုလုပ်ထားသော မွေးကင်းစ ကလေး တစ်ယောက်ရဲ့ ရုပ်အလောင်း ကို ရှာဖွေ တွေ့ရှိ




ရှေးဟောင်းသုတေသန ပညာရှင်တွေဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၅၀၀ ခန့် ရှိနေပြီဖြစ်တဲ့ မံမီပြုလုပ်ထားသော မွေးကင်းစ ကလေး တစ်ယောက်ရဲ့ ရုပ်အလောင်း ကို ရှာဖွေ တွေ့ရှိခဲ့ကြ ပါတယ်။

ကျောက်တုံးနဲ့ ပြုလုပ်ထား သော ခေါင်းတလား တစ်ခုတည်းမှာ မြဲမြံစွာရှိနေခဲ့တဲ့ ထို ကလေး မံမီ ရုပ်ဟာ ဆီးဘီးရီးယား နိုင်ငံရဲ့ အယ်လ်တိုင်း တောင်တွေ ကြားက လေထုမရှိတဲ့ နေရာတစ်ခုမှာ ၅၀၀ အေဒီ ခန့်ကတည်းက ရှိနေခဲ့တာဖြစ်ပါတယ်။

ထို ရှေးဟောင်း အုတ်ဂူ ကိုတော့ တောင်ပိုင်း ဆီးဘီးယား မှာ ရှိတဲ့ အယ်လ်တိုင်း နိုင်ငံ ၊ Kosh-Agach ခရိုင် ၊ Kurai ရွာ နားမှာ တူးဖော်တွေ့ရှိခဲ့ကြတာပဲ ဖြစ်တယ်လို့ The Siberian Times သတင်းဌာန က ဖော်ပြခဲ့ပါတယ်။

ထို ကလေး မံမီ ရုပ် ရဲ့ ဘေးချင်းကပ်ရပ်မှာတော့ အရွယ်ရောက်ပြီးသူ ၂ ယောက်ရဲ့ အရိုးစုတွေကို တွေ့ရတာကြောင့် ထို ကလေးမံမီ ရဲ့ မိဘတွေလို့ ထင်မှတ်ရပြီး ထို မိဘ ၂ ယောက်ဟာတော့ မံမီပြုလုပ်ထားခြင်းမရှိပဲ အရိုးစုများသာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ထို ကလေးကတော့ ၁ လ ခန့်နဲ့ မံမီရုပ် အဖြစ် ပြောင်းလဲခံထားရတယ်လို့ ခန့်မှန်းရပြီး မွေးကင်းစ ကလေး တစ်ယောက်လို့ ထင်မှတ်ရပါတယ်။ ယောင်္ကျားလေးလား ၊ မိန်းကလေး လားဆိုတာတော့ မသိနိုင်သေးပါဘူး။ ရှေးဟောင်းသုတေသန ပညာရှင်တွေကတော့ ထိုကလေးဟာ ရှေးဟောင်း သမိုင်းကြောင်းမှာ ရှိခဲ့တဲ့ Hun စစ်သည်တွေနဲ့ ပတ်သက်နေရဲ့ Bulan-Kobinskaya ယဉ်ကျေးမှု က ဆင်းသက်လာသူတစ်ဦး ဖြစ်လိမ့်မယ်လို့ ပညာရှင်တွေ ခန့်မှန်းထားကြပါတယ်။

ထို ကလေးမံမီ ရုပ်ရဲ့ DNA ကို ရယူပြီး ထို ကလေး ရဲ့ မျိုးရိုးနဲ့ ယဉ်ကျေးမှုတွေကို သမိုင်းမှတ်တမ်းများ နဲ့ စီစစ်ပြီး ဆက်လက်လေ့လာသွားမယ်လို့လည်း ထို ရှေးဟောင်း သုတေသန ပညာရှင်တွေက ဆိုပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment