Powered by Blogger.

New York ကအမျိုးသမီးတွေ တန်းတူအခွင့်အရေးအတွက် အပေါ်ပိုင်းဗလာကျင်းနဲ့ လမ်းလျှောက်




ကမ္ဘာလုံးဆိုင်ရာ GoTopless နေ့ရဲ့ လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ အမျိုးသားများနဲ့ တန်းတူအခွင့်အရေးရရှိရေးအတွက် New York မှာ အမျိုးသမီးထောင်ပေါင်းများစွာဟာ အပေါ်ပိုင်းဗလာကျင်းနဲ့ ချီတက်လမ်းလျှောက်ခဲ့ကြတာဖြစ်ပါတယ်။

New York မှာ ခုလိုအမျိုးသမီးတွေ လူစည်ကားရာနေရာတွေမှာ စီတန်းလမ်းလျှောက်တာဟာ ၁၉၉၂ ခုနှစ်ကတည်းက တရားဝင်ရှိခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးများဆိုင်ရာအခွင့်အရေးအတွက် ရည်ရွယ်လမ်းလျှောက်ခြင်းဖြစ်ပြီး အပေါ်ပိုင်းဗလာနဲ့ အမျိုးသမီးများစွာဟာ New York ရှိ Mayor Bill de Blasio မှ Time Square သို့ ချီတက်လမ်းလျှောက်ခဲ့ကြပါသတဲ့။

ချီတက်လမ်းလျှောက်သူ ၃၀၀ နီးပါးဟာ “ အမျိုးသမီးတွေရဲ့ ရင်သားတွေဟာ မိသားစုတွေနဲ့ရင်နှီးပြီးသားပါ” “ တန်းတူအခွင့်အရေးရှိတဲ့ ရင်သားများ” စသည်ဖြင့် ဆိုင်းဘုဒ်များကို ကိုင်ဆောင်ထားကြပါသေးတယ်။

GoTopless အစီအစဉ် လမ်းလျှောက်မှုအတွက် ပွဲစီစဉ်သူ Nadine Gray က “ အများပြည်သူပိုင်နေရာတွေမှာ ခုလိုအင်္ကျီမပါဘဲ လမ်းလျှောက်တာတွေကို လက်မခံနိုင်တဲ့ အရှက်သိက္ခာမရှိတဲ့ လုပ်ရပ်တွေလို့ ပြောကြာတယ်။ သူက ဒီလိုအခြေအနေတွေကို ပိုဆိုးလာအောင် ဆွပေးနေသလိုပါပဲ။ ထားလိုက်ပါ။ ဒါတွေက အရေးမကြီးပါဘူး။ အမျိုးသမီးတွေက သူတို့ရဲ့ရင်သားတွေကို သက်တောင့်သက်သာနဲ့ လှစ်ဟပြသထားနိုင်ရင် အဆင်ပြေသွားမှာပါ” လို့ The Wall Street ဂျာနယ်ကို ပြောကြားသွားပါတယ်။

De Blasio မှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Karen Hinton ကလည်း ခုလိုအပေါ်ပိုင်ဗလာကျင်းထားတာ ပြဿနာမဟုတ်ပါဘူးလို့ ဆိုပါတယ်။

“မြို့တော်ဝန်အတွက်တော့ ကမ္ဘာလှည့်ခရီးသွားနဲ့ ဒေသခံ အပျော်မယ်တွေရဲ့ အပြိုင်အဆိုင် ပိုက်ဆံရှာနေကြတာက ပြဿနာကြီးတစ်ခု ဖြစ်နေပါတယ်” လို့ သူကဆိုပါတယ်။

GoTopless Day အခမ်းအနားအတွက် တနင်္ဂနွေနေ့မှာ Los Angeles, Chicago, Austin, San Francisco စတဲ့ မြို့တွေအပါအ၀င် မြို့ပေါင်း ၆၀ကျော်မှာ ဆက်လက်ကျင်းပဖို့ အစီအစဉ်ရှိပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment