Powered by Blogger.

သိပ်မဝေးတော့တဲ့ အနာဂါတ် မှာ စက်ရုပ်တွေနဲ့ ချစ်တင်းနှီးနှော နိုင်တော့မယ်လို့ သိပ္ပံ ပညာရှင်တွေဆို




လူသား တွေ သိပ်မဝေးတော့တဲ့ အနာဂါတ် တစ်ခုမှာ စက်ရုပ်တွေနဲ့ ချစ်တင်းနှီးနှော နိုင်တော့မှာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက အခိုင်အမာ ဆိုလိုက်ပါတယ်။

ဒေါက်တာ Helen Driscoll ဆိုသူက ပြောပြခဲ့တာကတော့ နည်းပညာ ရဲ့ အဆင့်မြင့်လာမှု ဆိုတာဟာ လူသားတွေ မကြာမီ နှစ်အနည်းငယ်အတွင်း စက်ရုပ်တွေနဲ့ ဆက်ဆံပုံခြင်းပြောင်းလဲလာမယ့် နည်းလမ်းကို ဆိုလိုပါတယ် လို့ ဆိုပါတယ်။

လိင်ဆက်ဆံခြင်းနဲ့ အိမ်ထောင်ရေးဆိုင်ရာ စိတ်ပညာ ရဲ့ ဦးဆောင် တာဝန်ရှိသူတစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာ Driscoll က တော့ လိင်ပိုင်းဆိုင်ရာ နည်းပညာ ဆိုတာဟာ အဆင့်မြင့် အနေအထားမှာ ရှိနေပြီးဖြစ်သလို လျင်မြန်စွာ ပိုမို တိုးတက်လာနိုင်ကာ ၂၀၇၀ လောက်မှာဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာ အရ ပတ်သက်နိုင်မှု တွေအကောင်အထည်ပေါ်လာနိုင်တယ်လို့ ဆိုထားပါသေးတယ်။

လက်ရှိအချိန်မှာလည်း သင်ဟာ သင်နဲ့ ချစ်တင်းနှော စိတ်ဖြေပေးနိုင်မယ့် စက်ရုပ် တွေ ၊ လှုပ်ရှားနိုင်တဲ့ အရုပ်တွေနဲ့ အာရုံခံစနစ် ပါဝင်တဲ့ နည်းပညာ တွေ အစသဖြင့် အသုံးပြုမှု တွေရှိနေပြီဖြစ်သလို ဒါဟာ နောက်နှစ်ပေါင်းများစွာ အတွင်းမှာတင် အချက်အချာ ကျတဲ့ ကဏ္ဍ တစ်ခုဖြစ်လာနိုင်တယ်လို့ Driscoll က ဆိုပါတယ်။

ဒါ့အပြင် လူသားတွေဟာ Virtual Reality နည်းပညာ သုံးထားတဲ့ စက်ရုပ် လက်တွဲဖော် တွေနဲ့ ချစ်ကြိုး တွေ ငြိတွယ်သွားနိုင်တယ်လို့လည်း သူမက သတိပေးပြောဆိုထားပါတယ်။

ဒါဟာ လက်ရှိ နာမည်ကြီးနေတဲ့ ဇာတ်လမ်းတစ်ခုထဲက အကြောင်းအရာဖြစ်ပြီး Humans ဆိုတဲ့ ဇာတ်လမ်းထဲမှာလည်း Anita ဆိုတဲ့ စက်ရုပ်တစ်ရုပ်ဟာ မိသားစု တစ်ခုရဲ့ ဖခင်ဖြစ်သူ သူမအား ၀ယ်ယူခဲ့သူနဲ့ ချစ်တင်းနှီးနှောဖြစ်ခဲ့တဲ့ ဇာတ်လမ်း မျိုးပဲ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments: