Powered by Blogger.

ကမ္ဘာ့ပထမဆုံး ခိုးယူလို့ မရနိုင်တဲ့ စက်ဘီး




ကမ္ဘာ့ပထမဆုံး ခိုးယူလို့ မရနိုင်တဲ့ စက်ဘီး လို့ အခိုင်အမာ သတ်မှတ်နေကြတဲ့ နည်းပညာမြင့်စက်ဘီး တစ်စီး ထွက်ပေါ်လာပါတယ်။ ထိုစက်ဘီးကို ခိုးယူချင်ရင်တော့ စက်ဘီး တစ်စီးလုံးကို ချိုးဖျက်ပြီးသွားမှပဲ ယူနိုင်မှာ ဖြစ်ပါတယ်။

Yerka လို့ခေါ်တဲ့ ထို စက်ဘီးကိုတော့ ချီလီနိုင်ငံ က ပညာရှသင် လူငယ် ၃ ယောက်က ပူးပေါင်းတည်ဆောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ စက်ဘီးခိုးခံရတာများလာလို့ မခံမရပ်နိုင်ဖြစ်လာကြတဲ့ အသက် ၂၂ နှစ်အရွယ် Cristobal Cabello ၊ အသက် ၂၃ နှစ်အရွယ် Andres Roi Eggers နဲ့ အသက် ၂၄ နှစ်အရွယ် Juan Jose Monsalve တို့ ၃ ယောက် ဟာ တက္ကသိုလ် ကျောင်းကနေ ထွက်ခဲ့ပြီး တစ်မူထူးခြားတဲ့ စက်ဘီး တစ်စီး ကို ဒီဇိုင်းတီထွင်ခဲ့ကြပါတယ်။

ထို စက်ဘီးဟာတော့ သင်သော့ခတ် လိုတဲ့အခါမှာ စက်ဘီး ကိုယ်ထည်ဟာ ၂ ပိုင်းကွဲသွားပြီး ထိုင်ခုံနေရာကို နှိပ်လိုက်တာနဲ့ ထို ထိုင်ခုံကိုဆွဲထုတ်လိုက်နိုင်မှာပါ။ ပြီးရင် မိမိသော့ခတ်လိုတဲ့ ဓါတ်တိုင် ၊ ခြံစည်းရိုး စတဲ့ ကြားခံတစ်ခုကို ကန့်လန့်ဖြတ် သွင်းပြီး ပြန်လည် တပ်ဆင်ရပါတယ်။ တစ်ခါတပ်ဆင်ပြီးတာနဲ့ ပြန်ဖြုတ်လို့ မရနိုင်တော့ပါဘူး။

ခိုးယူမယ့်သူတွေအနေနဲ့လည်း ထို သော့ခတ် ထားတာကို ဖြတ်ဖို့အတွက် စက်ဘီးရဲ့ ကိုယ်ထည်ကို ၂ ခြမ်း ခြမ်းပစ်လိုက်မှ ပဲ ရနိုင်မှာ ဖြစ်ပါတယ်။ တီထွင်ဖန်တီးထားသူ ၃ ယောက်ရဲ့ အဆိုအရတော့ ထို သော့ကို ပိုင်ရှင် ကိုယ်တိုင် ခတ်ဖို့အတွက် ပင် အနည်းဆုံး ၁၀ စက္ကန့်ခန့် အချိန်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ၃ ယောက်ဟာ တစ်မူထူးခြားလှတဲ့ နည်းပညာမြင့် စက်ဘီးကို ထုတ်လုပ်ရောင်းချနိုင်ဖို့အတွက် စတာလင်ပေါင် ၆၄၀၀၀ တန်တဲ့ အစိုးရ ခွင့်ပြုချက်ကို ရရှိခဲ့ပြီး Indiegogo ဆိုတဲ့ ဈေးဝယ်ဝက်ဘ်ဆိုက်ကနေ ရောင်းချသွားမှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ တစ်နှစ်ကို စက်ဘီး ၁၁၀,၀၀၀ စီး ခန့်ဟာ နှစ်စဉ် ပျောက်ဆုံးနေပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment