Powered by Blogger.

ဟီးရိုးရှီးမား ကို အက်တမ်ဗုံး ခွဲခံရမှု နှစ်ပေါင်း ၇၀ ပြည့်ခဲ့ပြီ


အက်တမ်ဗုံးခွဲခံရစဉ်က ဟီရိုရှီးမား မြင်ကွင်း


ယနေ့ ခေတ် ဖွံဖြိုးပြီး မြို့ကြီး တစ်မြို့မှာ မြင့်မားတဲ့ မိုးမျှော် အဆောက် အဦးတွေ ၊ ကျည်ဆံ ရထားတွေနဲ့ ပြည့်စုံလှပနေတာကိုမြင်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ တုန်းက အဲဒီမြို့မှာ ဘာတွေဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြရင်တောင် သင်ယုံနိုင်မှာ မဟုတ်ပါဘူး။

ကမ္ဘာပေါ်မှာ ကြောက်ဖို့ အကောင်းဆုံး လို့ ပြောလို့ရမယ့် ဖြစ်ရပ်တစ်ခုဟာ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ ဂျပန်နိုင်ငံ ၊ ဟီရိုရှီးမား မြို့မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး လူပေါင်း ၁၄၀၀၀၀ ဦးရေဟာ အက်တမ်ဗုံး ရဲ့ ကွပ်မျက်မှု ကို ခံခဲ့ကြရပါတယ်။

ယိုကိုဟားမား မှာကြီးပြင်းခဲ့တဲ့ ဓါတ်ပုံဆရာ Eugene Hoshiko ဟာ ဟီရိုရှီးမားကို သွားရောက်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ တုန်းက အက်တမ်ဗုံး ဒဏ်ထိခဲ့တဲ့ ဟီရိုရှီးမား မြို့ပေါ်ကနေရာ အချို့ရဲ့ ဓါတ်ပုံတွေအတိုင်း ယနေ့ခေတ် ဟီရိုရှီးမားမြို့ရဲ့ ပုံရိပ်တွေကို ရိုက်ကူးထားခဲ့ပါတယ်။ သူမြင်တွေ့ခဲ့ရတာတွေအတွက် သူကိုယ်တိုင်ပင် အံ့သြခဲ့ပါတယ်။

ဒီကနေ့ဟာ ဟီရိုရှီးမား ဗုံးခွဲတိုက်ခိုက်ခံရမှု အနှစ် ၇၀ ပြည့်နှစ် ဖြစ်တဲ့အတွက် နှစ် ၇၀ ပြည့်အခမ်းအနားကို ဟီရိုရှီးမား မြို့မှာ ကျင်းပခဲ့ပြီး တစ်မိနစ် ခန့် တိတ်ဆိတ် နေခြင်းနဲ့ ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ ထို အခမ်းအနားမှာ ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ဖြစ်သူ Shinzo Abe က တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ အနုမြူ လက်နက်ကို ဖျက်သိမ်းစေချင်တဲ့အကြောင်းကို မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားတယ်လို့ BBC သတင်းဌာနက ဖော်ပြထားပါတယ်။

လက်ရှိမှာ လူဦးရေ ၁.၂ သန်း ခန့်အထိ လူဦးရေ ရှိနေပြီ ဖြစ်တဲ့ ဟီရိုရှီးမား မြို့ဟာ ဒုတိယ ကမ္ဘာစစ် အတွင်းက အမေရိကန် တွေရဲ့ အက်တမ်ဗုံး တိုက်ခိုက်မှုကြောင့် မြို့ရဲ့ ၉၀ ရာခိုင်နှုန်း ပျက်စီးသွားခဲ့ပြီး လူဦးရေ တစ်သိန်း ၄ သောင်းခန့် သေဆုံခဲ့ကာ ဒုတိယ မြောက် အက်တမ်ဗုံးကတော့ ဂျပန်နိုင်ငံ နာဂါဆာကီ မြို့ပေါ်ကို ဟီရိုရှီးမာ ဗုံးခွဲခံရပြီး ၃ ရက် အကြာမှာ ကျရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ထို အက်တမ် ဗုံး ၂ လုံး ကျဲလိုက်ခြင်းအားဖြင့် ဒုတိယ ကမ္ဘာစစ်ကို ရပ်တန့်စေခဲ့တာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment