Powered by Blogger.

အမေရိကန် နိုင်ငံ ရဲ့ အသက် အငယ် ဆုံး မြို့တော်ဝန် ဖြစ်လာတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်






အသက် ၃ နှစ် အရွယ် ကလေးငယ်လေး James Tufts ဟာ အမေရိကန် နိုင်ငံ ရဲ့ အသက် အငယ် ဆုံး မြို့တော်ဝန် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ မြို့တော် အုပ်ချုပ်ခွင့်နဲ့ဆိုင်တဲ့ တရားဝင်ရွေးကောက်ပွဲတော့ မဟုတ်ခဲ့ပါဘူး။ 

ဒါဟာ လူမှုရေးဆိုင်ရာ အစီအစဉ်တစ်ရပ်သာဖြစ်ပြီး ပျော်ရွှင်မှု ကို ဦးစားပေးထားတဲ့ အခမ်းအနားတစ်ခုပဲ ဖြစ်ပါတယ်။ James Tufts ဟာ သူ့ရဲ့ ၆ နှစ်အရွယ် အစ်ကို ဖြစ်သူ Robert ရဲ့ ခြေရာ ကို နင်းခဲ့တာပဲ ဖြစ်ပါတယ်။ 

Roberts ကတော့ ထို အခမ်းအနားက ရွေးကောက်လိုက်တဲ့ မြို့တော်ဝန်ဆိုတဲ့ ရာထူးကို အသက် ၄ နှစ်အရွယ် ကတည်းက ရရှိခဲ့သူပဲ ဖြစ်ပါတယ်။ သူ မြို့တော်ဝန် အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဒေသကတော့  Dorset ဆိုတဲ့ မြို့မှာပဲ ဖြစ်ပါတယ်။

James ကတော့ ထို အခမ်းအနား ရဲ့ ရွေးကောက်ပွဲနေ့မှာ မဲပေးရွေးချယ်မယ့် အိမ်ထောင်စု ၂၂ ခုကို စကားထိုင်ပြောခဲ့ပြီးတဲ့နောက်မှာ မြို့တော်ဝန်ဖြစ်လာခဲ့တာပါ။ သူသာ ဒီ အခမ်းအနား မှာ မဲနိုင်ခဲ့ရင် ရေခဲမုန့် ၀ယ်ကျွေးမယ်လို့လည်း အစည်းအရုံးခံထားရပါသေးတယ်။

ထို အခမ်းအနား ရဲ့ နာမည်ကိုတော့ Taste of Dorset လို့ခေါ်ပြီး ပါဝင်မဲပေးချင်သူတွေဟာ တစ်ယောက်ကို တစ်ဒေါ်လာ နှုန်းနဲ့ ပါဝင်နိုင်ပြီး မဲပေးခွင့်ရရှိမယ့်သူကိုတော့ ဦးထုပ်ထဲကနေ မဲနှိုက်ရွေးချယ်မှာ ဖြစ်ပါတယ်။ ဒီအခမ်းအနား ဟာ အနာဂါတ်မှာ မြို့ခံနိုင်ငံရေး သမား တွေပေါ်ပေါက်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment