Powered by Blogger.

မွေးကင်းစသားလေးကို မကောင်းဆိုးဝါးဝိညာဉ်စွဲကပ်တယ်ဆိုပြီး ပေလေးဆယ်အမြင့်မှ ပစ်ချခဲ့တဲ့ မိခင်




New York မြို့ တော် Queens စီရင်စုက က အသက် ၂၁ နှစ်အရွယ် Rashida Chowdhury ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့သားလေးကို မကောင်းဆိုးဝါးဝိညာဉ်စွဲကပ်တယ်ဆိုပြီး လေးထပ်ပြတင်းပေါက်က ပစ်ချခဲ့မှုကြောင့် တရားစွဲဆိုခံထားရပါတယ်။

စနေနေ့ ညက Chowdhury ကို ရုံးထုတ်ခဲ့ရာမှာ သူမရဲ့သားလေး Rizwan Ahmad ကို သူမနေထိုင်ရာ ရစ်ခ်ျမွန်ဟေးလ်တိုက်ခန်းပြတင်းပေါက်က ပစ်ချခဲ့ကြောင်း ၀န်ခံခဲ့တယ်လို့  အစိုးရရှေ့ နေတွေက ပြောကြားခဲ့ပါတယ်။ သားလေးကို မကောင်းဆိုးဝါးဝိညာဉ်ရန်က ကယ်ဆယ်ဖို့ အတွက် အခုလိုလုပ်ခဲ့ရတာ ဖြစ်တယ်လို့ သူမက ဖြောင့်ချက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရဲတွေဟာ သူမနေထိုင်ရာ ၁၁၅ လမ်း တိုက်ခန်းအောက်က ၀င်းထဲမှာ ကလေးငယ်လေးရဲ့အလောင်းကို ရှာဖွေတွေ့ ရှိပြီး နောက်တစ်ရက်မှာ Chowdhury ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Queens စီရင်စုရှေ့ နေ Richard Brown က “ကလေးလေးဟာ ပေလေးဆယ်အမြင့်ကနေ ကျောက်ပြားလမ်းပေါ် ပြုတ်ကျပြီး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ တရားခံဖြစ်သူရဲ့ လုပ်ရပ်က လုံးဝ နားမလည်နိုင်စရာပဲဗျာ” လို့  Brown က ဆက်လက်ပြောကြားခဲ့ပါတယ်။

မိခင်ဖြစ်သူ Chowdhury ဟာ ကလေးမီးဖွားပြီးနောက်ဖြစ်တတ်တဲ့စိတ်ကျရောဂါ ခံစားနေရသလား ဆိုတာကိုလည်း ရဲတွေက စစ်ဆေးနေတယ်လို့ လည်း သိရပါတယ်။

Chowdhury ဟာ ရည်ရွယ်ချက်ရှိရှိလူသတ်မှု နဲ့ အသက်ဆယ်တစ်နှစ်အောက် ကလေးငယ်ကို သတ်ဖြတ်မှု ဆိုပြီး စွဲချက်နှစ်ခုနဲ့ တရားစွဲခံထားရကာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment