Powered by Blogger.

ကျည်ဆံ မှန်ပေမယ့် ဘရာစီယာခံနေလို့ သေကံမရောက် သက်မပျောက်ခဲ့တဲ့ အမျိုးသမီး




အမျိုးသမီး တစ်ယောက်ဟာ တောတွင်း အပျော်တမ်း မုဆိုးတစ်ယောက်ရဲ့ ခဲကျည်ဆံ ကို ထိမှန်ခံခဲ့ရပေမယ့် သူမရဲ့ ဘရာစီယာ ကြောင့် သေကံ မရောက် သက်မပျောက်ပဲ ကံကောင်းထောက်မစွာ အသက် ရှင်သန်ခွင့်ရခဲ့ပါတယ်။

အသက် ၄၂ နှစ်အရွယ် ဂျာမန် အမျိုးသမီး ဟာ အားလပ်ရက်မှာ ဘာလင်မြို့အနီးအနားက တောအုပ်တစ်ခုအတွင်းမှာ သူမရဲ့ ခင်ပွန်းနဲ့အတူ စက်ဘီးစီးနေခဲ့ကြပါတယ်။ သူတိ့ ၂ ယောက်ဟာ Gadebusch ဆိုတဲ့ မြို့နားက ကွင်းပြင်တစ်ခုကို ဖြတ်သန်းခဲ့ပြီး တောရိုင်းတိရိစ္ဆာန် အမဲလိုက် ဇုန်ထဲကို ရောက်မှန်းမသိပဲ ရောက်သွားခဲ့ကြပါတယ်။

"ကျွန်မရင်ဘတ် မှာ နာကျင်မှု တစ်ခုကို ခံစားလိုက်ရပါတယ်။ ကျွန်မငုံ့ကြည့်လိုက်တော့ ကျွန်မရဲ့ ဘရာစီယာ ဟာ ပိန်နေတာကိုတွေ့ရပါတယ်။" လို့ ထို အမျိုးသမီးက ရဲတပ်ဖွဲ့ဝင်တွေကို ထို အဖြစ်အပျက် အပြီးမှာ ပြောပြပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရတော့ သူမဟာ ခဲကျည်ဆံ ထိမှန်ခဲ့တာဖြစ်ပြီး သူမရဲ့ ဘရာစီယာ က သူမကိုကယ်တင်လိုက်တာဖြစ်သလို အန္တရာယ်များတဲ့ ထိခိုက်မှု တွေမဖြစ်အောင် ကူညီပေးလိုက်တယ် လို့ သိရပါတယ်။ အမျိုးသမီး ရဲ့ ခင်ပွန်းဖြစ်သူကတော့ သေနတ်သမား မုဆိုးကို အနီးအနားက လယ်ကွင်းမှာ တွေ့ခဲ့ပြီး ဖြစ်ကြောင်းကုန်စင်ရှင်းပြခဲ့ပါတယ်။

အမည်မဖော်လိုသူ အမျိုးသမီးကတော့ သူမရဲ့ ရင်ဘတ်မှာ အညိုအမည်းစွဲခဲ့တာကလွဲပြီး ကျန်တဲ့ ဒဏ်ရာ ကြီးကြီးမားမားတော့ မရှိခဲ့ပါဘူး။ ယာဉ်မောင်းတစ်ဦးဟာ သူတို့ အဖြစ်အပျက်ကို သိရှိသွားပြီး အမျိုးသမီးကိုလည်း ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ ဘရာစီယာကိုတော့ ရဲတပ်ဖွဲ့က ဓါးစာခံ ပစ္စည်းအဖြစ် သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။

သူမ ထိမှန်ခဲ့တဲ့ ခဲကြည်ဆံဟာ ၆.၅ မီလီမီတာ ရှည်လျားတဲ့ ကျည်ဆံ ဖြစ်ပြီး အရှိန်မြန်စွာ နဲ့ တာဝေးက ပစ်မှတ်ကို ပင်သေအောင်ပစ်နိုင်တဲ့ ကျည်ဆံ မျိုးဖြစ်တယ်လို့လည်းသိရပါတယ်။ ၂၀၀၈ ခုနှစ်ကလည်း အလားတူဖြစ်ရပ်မျိုးဖြစ်ပွားပြီး ထို အနီးအနားက မြို့မှာ နေတဲ့ အမျိုးသားတစ်ယောက် သေဆုံးခဲ့ဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment