တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်နေတဲ့ သတင်းထောက် အမျိုးသမီးကို ကင်မရာ ရှေ့မှာ နမ်းခဲ့တဲ့ အမျိုးသား တရားစွဲခံရ
ဂီတ ဖျော်ဖြေပွဲတစ်ခုမှာ တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်နေတဲ့ သတင်းထောက် အမျိုးသမီးကို နမ်းရှုံ့ဖို့ ကြိုးစားခဲ့တဲ့ ဆယ်ကျော်သက် လူငယ်တစ်ဦး ဟာ ထို အမျိုးသမီး က ရဲစခန်းမှာ အမှု ဖွင့်ခဲ့ပြီးတဲ့နောက်မှာ ပြန်လည်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
ကနေဒါ ရုပ်/သံ ကုမ္မဏီ တစ်ခုမှ သတင်းထောက် တစ်ယောက်ဖြစ်တဲ့ Megan Batchelor ဟာ ကနေဒါနိုင်ငံ ၊ Vancouver မြို့ အနီးနားမှာ ကျင်းပနေတဲ့ ဂီတဖျော်ဖြေပွဲ တစ်ခုရဲ့ သတင်းကို တိုက်ရိုက် ရုပ်သံထုတ်လွှင့် တင်ဆက်နေစဉ်မှာပဲ အသက် ၁၇ နှစ်အရွယ် Daniel Davies ဆိုသူ အမျိုးသားဟာ ကင်မရာ ရှေ့ကို ထွက်ပေါ်လာပြီး Megan ကို နမ်းခဲ့တာပဲ ဖြစ်ပါတယ်။
သတင်းထောက် အမျိုးသမီး Megan ကတော့ ထို ဖြစ်စဉ် ဖြစ်ပြီး မကြာခင်မှာပဲ ရဲတပ်ဖွဲ့ထံမှာ ထိုအမျိုးသားရဲ့ အမူအကျင့်နဲ့ ပတ်သက်ပြီး သွားရောက် တိုင်ကြား ခဲ့ပါတယ်။ ရဲ တပ်ဖွဲ့ဝင်တွေကတော့ ဒီ ဖြစ်စဉ်ကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပြီး ဆယ်ကျော်သက်လူငယ်ကတော့ သတင်းထောက် အမျိုးသမီးကို ဆက်သွယ်ပြီးတောင်းပန်ဖို့ ကြိုးစားခဲ့တယ်လို့တော့ သိရပါတယ်။
သတင်းထောက် Megan က BBC သတင်းဌာန ကို ပြောပြခဲ့တာကတော့ သူမအနေနဲ့ ရာဇ၀တ်မှု တစ်ခုအတွက် တရားစွဲဆိုတာ မဟုတ်ပဲ ထို ဖြစ်စဉ်မျိုးဟာ အမျိုးသမီး သတင်းထောက်တွေ ပြုမူဆက်ဆံ ခံနေရတဲ့ ပုံစံ ဖြစ်နေတဲ့အတွက် တရားစွဲဖို့ကြိုးစားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကနေဒါနိုင်ငံ ၊ Ontario ခရိုင်မှာရှိတဲ့ အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေး အဖွဲ့ရဲ့ ရှေ့နေတစ်ယောက်ဖြစ်သူ Pamela Cross ကတော့ "ဒါဟာ တရားဥပဒေ ရှုထောင့်ကကြည့်မယ်ဆိုရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြောက်ပါတယ်။" လို့ ဆိုပါတယ်။ တော်ဝင် ကနေဒီးယန်း ရဲတပ်ဖွဲ့တွေကတော့ ထို ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဆဲ ပဲ ဖြစ်ပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment