Powered by Blogger.

ဖူကူရှီးမားနျူကလီးယားမတော်တဆမှုဖြစ်ပြီးနောက် ပထမဦးဆုံး အဏုမြူဓာတ်ပေါင်းဖို တစ်လုံးကို ဂျပန်နိုင်ငံ စတင်ပြန်လည်ပတ်




၂၀၁၁ ခုနှစ်က ဖူကူရှီးမားအဏုမြူဓာတ်ပေါင်းဖို မတော်တဆမှုအပြီးမှာ ဂျပန်နိုင်ငံဟာ နိုင်ငံတောင်ပိုင်းက Sendai အဏုမြူဓာတ်ပေါင်းဖိုကို စတင် ပြန်လည်ပတ်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်က ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် ဂျပန်နိုင်ငံအရှေ့ မြောက်ပိုင်းက Dai-ichi အဏုမြုဓာတ်ပေါင်းဖို မတော်တဆ ပျော်ကျမှုဖြစ်ပွားခဲ့ပြီးနောက် လေးနှစ်ခွဲအကြာမှာ ဂျပန်နိုင်ငံဟာ အဏုမြူစွမ်းအင်ဘက်ကို ပြန်လည်ခြေဦးလှည့်ခြဲု့ခင်းဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Naoto Kan အပါအ၀င် ဂျပန်နိုင်ငံသားအများစုဟာ အဏုမြူစွမ်းအင် ကို ပြန်လည်ခြေဦးလှည့်ခဲ့ခြင်းအပေါ် ပြင်းပြင်းထန်ထန် ဆန့် ကျင် ကန့် ကွက်နေကြပါတယ်။

နျူကလီးယားထိန်းသိမ်းမှုအာဏာပိုင်အဖွဲ့ ဟာ Sendai ဓာတ်ပေါင်းဖိုနဲ့ တခြားဓာတ်ပေါင်းဖိုတစ်ခုရဲ့ ဘေးကင်းလုံခြုံမှုကို လွန်ခဲ့တဲ့ စက်တင်ဘာလက အတည်ပြုပေးခဲ့ပြီး ၂၀၁၁ ခုနှစ် မတော်တဆမှုအပြီးမှာ စည်းမျဉ်းစည်းကမ်းတွေကို ပိုမိုတင်းကျပ်ထားတယ်လို့ သိရပါတယ်။

ဂျပန်အစိုးရဟာ အတိုက်အခံဆန့် ကျင်မှုတွေရှိပေမယ့် ၂၀၃၀ ခုနှစ်မှာ နိုင်ငံရဲ့စွမ်းအင် လိုအပ်ချက် ၂၀ ရာခိုင်နှုန်းအထက်ကို နျူကလီးယားစွမ်းအင်ကနေ ရရှိဖို့ အတွက် ရည်မှန်းချက်ထားပြီး ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် ဖူကူရှီးမား အဏုမြူဓာတ်ပေါင်းဖိုမတော်တဆမှုကြောင့် ရေဒီယိုသတ္တိကြွ ဧရိယာအတွင်းက လူဦးရေ တစ်သိန်းကျော်ကို ရွှေ့ ပြောင်းပေးခဲ့ရပြီး သဘာဝအရင်းအမြစ်ရှားပါးတဲ့ ဂျပန်နိုင်ငံရဲံ အဏုမြူစွမ်းအင်ကို အဓိကအားထားနေရမှအပေါ် နိုင်ငံတစ်လွှားငြင်းခုံမှုတွေ ဖြစ်ခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : The Guardian
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment