Powered by Blogger.

အမေရိကန် ပြည်ထောင်စု Troy မြို့မှာ တစ်နာရီ မိုင်၁၀၀ နှုန်းရှိတဲ့ လေဆင်နှာမောင်းတစ်ခု တိုက်ခတ်






ဒီမှာဖော်ပြထားတဲ့ ဓါတ်ပုံတွေကတော့ စူပါးမားကတ်တစ်ခုကို လေဆင်နှာမောင်းအသွင် လေကြမ်းများ ၀င်ရောက်တိုက်ခတ် ဖျက်ဆီး သွားတဲ့ ဓါတ်ပုံတွေပဲ ဖြစ်ပါတယ်။

သောကြာင်္နေ့ညက လေဆင်နှာမောင်းတစ်ခုဟာ Wal-Mart စူပါမားကတ်ရှိရာ သို့ ၀င်ရောက်တိုက်ခတ်သွားခဲ့ပြီး ၁၈ဘီး လော်ရီ ကားတစ်စီး ကိုလည်း မှောက်သွားစေခဲ့တယ်လို့ သိရပါတယ်။  ထိုလော်ရီ ကားရဲ့ ယာဉ်မောင်းဖြစ်သူကတော့ အမေရိကန် ပြည်ထောင်စု ၊ Alabama ပြည်နယ် ၊ Troy မြို့မှာ ရှိတဲ့ Wal-Mart စူပါမားကတ် အတွင်းကို ရောက်နေတဲ့အတွက် ထိ ခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

Wal-Mart စူပါးမားကတ် ကတော့ မမျှော်လင့်ထားတဲ့ လေဆင်နှာမောင်းကြောင့် အပျက်အစီးများပြားခဲ့ပြီး ဈေးဝယ်သူ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အမျိုးသား မိုးလေ၀သ ၀န်ဆောင်မှု ဌာန ကထုတ်ပြန်ခဲ့တာတော့ ထို လေဆင်နှာမောင်းဟာ တစ်နာရီကို မိုင် ၁၀၀ နှုန်းနဲ့ တိုက်ခတ် လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။




Troy ရဲ့ မြို့တော်ဝန်ဖြစ်တဲ့ Jason က တော့ NBC သတင်းဌာနကို "လေတိုက်နှုန်းက ထရပ်ကားအချို့ကို ပက်လက်လန်သွားစေခဲ့ပြီးတော့ Wal-Mart အနီးအနားက အဆောက်အဦးတွေကိုလည်း ထိခိုက်မှုတွေဖြစ်စေခဲ့ပါတယ်။ ရေ နဲ့ ပတ်သက်ပြီးတော့လည်း အဓိက ရေပို့လွှတ်တဲ့နေရာကို ထိခိုက်သွားပါတယ်" လို့ ပြောပြခဲ့ပါတယ်။

အဲဒီအချိန်တုန်းက Wal-Mart မှာ အလုပ်လုပ်နေတဲ့ Sarah Brookins ဆိုသူ အမျိုးသမီးက ပြောပြခဲ့တာကတော့ "ကျွန်မတို့အသံကျယ်ကြီးတစ်ခုကို ကြားရပါတယ်။မကြာပါဘူး လေတွေက ဆိုင်ထဲကို အတင်းတိုက်ခတ်လာပြီး တံခါးမှန်တွေကိုလည်း ကွဲထွက်သွားစေခဲ့ပါတယ်။" လို့ ပြောပြခဲ့ပါတယ်။




( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment