Powered by Blogger.

အဖွဲ့ ထဲ ၀င်ရင် နောက်ဆုံးပေါ်အိမ်သုံးပစ္စည်းတွေ ရမယ် ဆိုပြီး ဗြိတိန်နိုင်ငံသားတွေကို စည်းရုံး နေတဲ့ ISIS အဖွဲ့ 




ISIS အစွန်းရောက်တွေဟာ အဖွဲ့ ထဲဝင်ရင် နောက်ဆုံးပေါ်အိမ်အသုံးအဆောင်ပစ္စည်းတွေ အပြည့်ရှိတဲ့ အိမ်ရာတွေ ထောက်ပံ့ပေး သွားမယ်ဆိုပြီး စည်းရုံးဖို့ ကြိုးစားလျက်ရှိပါတယ်။

အကြမ်းဖက်အဖွဲ့ ဟာ ယူကေကနေ ထွက်ခွာပြီး ဆီးရီးယားနိုင်ငံက စစ်သွေးကြွအဖွဲ့ ထဲ ၀င်ရောက်မယ်ဆိုရင် အခြေခံအိမ်သုံးပစ္စည်းတွေဖြစ်တဲ့ အ၀တ်လျှော်စက်၊ ရေခဲသေတ္တာ၊ မီးဖို၊ ကော်ဇော် နဲ့ မွေ့ ရာတွေ ပေးအပ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆီးရီးယားကို အဖွဲ့ လောင်းတွေဟာ ကလေးတွေပါ ခေါ်ဆောင်လာမယ် ဆိုပါက ကလေးတစ်ယောက်ချင်းစီအတွက် ငွေသက်သက် ထပ်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုအခါ ဆီးရီးယားအနောက်ပိုင်းမှာ ISIS ၀ါဒဖြန့် ချိရေးသမားအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Morrisons စူပါမားကတ်လုံခြုံရေးဝန်ထမ်းဟောင်း အသက် ၂၇ နှစ်အရွယ် Omar Hussain က ဒီမက်လုံးတွေကို ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

Omar Hussain ဟာ လွန်ခဲ့တဲ့နှစ်က အင်္ဂလန်နိုင်ငံ၊ ဘက်ကင်ဟမ်းရှိုင်းယားမှာ မိခင်နဲ့ တူတူနေရာကနေ ဆီးရီးယားကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။ သူရဲ့ ဘလော့မှာ အစ္စလာမ်မစ်ပြည်ထောင်စု ရဲ့ ကြမ်းကြုတ်တဲ့စနစ်အောက်မှာ နေထိုင်ရတဲ့ဘ၀ဟာ ငြိမ်းချမ်းမှုအတိပြီးတယ်လို့ ဖော်ပြထားပြီး အဖွဲ့ ဝင်အသစ်တွေကို ဆွဲဆောင်နေခဲ့တာ ဖြစ်ပါတယ်။

“ သင့်ရဲ့ဇနီးကို ထောက်ပံ့ဖို့ အတွက်လည်း သူတို့ က အပိုလစာပေးထားပြီး ကလေး တွေပါ ရှိတယ်ဆိုရင် ဒီလစာက ကလေးတစ်ယောက်ရှိတိုင်း ပို ပိုတိုးသွားပါတယ်၊ ဒါမှ မလုံလောက်သေးဘူးဆိုရင်လည်း အစ္စလာမ်မစ်ပြည်ထောင်စုက သင့်ရဲ့မိသားစုကို အခြေခံအိမ်အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ အ၀တ်လျှော်စက်၊ ရေခဲသေတ္တာ၊ မီးဖို၊ ကော်ဇော်၊ မွေ့ ရာနဲ့ တခြားမီးဖိုချောင်သုံးပစ္စည်းတွေပါ ထောက်ပံ့ပါတယ်” လို့ သူက ရေးသားထားပါတယ်။

ISIS ကို ၀င်ရောက်လာတဲ့ နိုင်ငံရပ်ခြားနေဂျီဟတ်ဟတ်တပ်သားသစ်တွေဟာ အခြေခံလစာအားဖြင့် ကန်ဒေါ်လာ ၅၀၀ ခန့် ရရှိပြီး ဆီးရီးယားက စစ်သွေးကြွအဖွဲ့ ကိုပါ လာရောက်ဝင်မယ်ဆိုရင်တော့ လစာက ငါးဆလောက် ထပ်များသွားကြောင်း သိရှိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment