Powered by Blogger.

အသက် ၄၀ အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ သံသယ ရှိသူအား ဖမ်းဆီးထား




အသက် ၂၁ နှစ်အရွယ် ရှိတဲ့ အမျိုးသားတစ်ယောက်ဟာ V ပွဲတော်မှာ ရောက်ရှိနေစဉ်အတွင်း အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ သံသယ ရှိတဲ့အတွ့ အဖမ်းခံထားရတယ်လို့ သိရပါတယ်။

ထို အမျိုးသမီး ရဲ့ ထွက်ဆိုချက်အရတော့ သူမဟာ သောကြာင်္နေ့ညက ဗြိတိန် နိုင်ငံ ၊ Essex ပြည်နယ် က ပွဲတော်ကျင်းပရာ နေရာ အနီးမှာ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

Essex ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ကတော့ "အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ Chelmsford မြို့နယ် Hylands ပန်းခြံမှာ မုဒိမ်းမှု တစ်ခုကို ကျူးလွန်ခဲ့တဲ့အတွက် အကျဉ်းထောင်ထဲမှာ ကျခံနေရပါတယ်" လို့ ဆိုပါတယ်။

အဖြစ်အပျက်ဟာ သောကြာင်္နေ့ညမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပေမယ့်လည်း တနင်္ဂနွေနေ့ မနက် ၁း၃၀ နာရီမှာမှ ရဲတပ်ဖွဲ့ထံ အသက် ၄၀ ကျော် အမျိုးသမီး တစ်ယောက် ပွဲတော်ကျင်းပရာ နေရာ ရဲ့ အပြင်ဘက်နား တစ်နေရာမှာ မုဒိမ်းကျင့်ခံရတယ်လို့ သတင်းပို့ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ထို အသက် ၂၁ နှစ်အရွယ် အမျိုးသားကတော့ မုဒိမ်းမှု နဲ့ ပတ်သက်ပြီး သံသယ ရှိခံရသူကို ဖမ်းဆီးထားပြီး လက်ရှိမှာ စုံထောက် အရာရှိတွေရဲ့ စစ်ဆေးမေးမြန်းမှုကို ခံရဦးမှာ ဖြစ်တဲ့အတွက် ထို အမျိုးသားကို အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထိန်းသိမ်းထားဆဲ ပဲ ဖြစ်ပါတယ်။ ထို V ပွဲတော်မှာတော့ တိုင်ကြားမှု အမျိုးမျိုး တို့ကြောင့် စုစုပေါင်း ၄၁ ယောက်တိတိ အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment