Powered by Blogger.

ဥရောပ ကို ၀င်ရောက်မယ့် တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ ၄၄၀၀ ခန့်ကို တစ်ရက်တည်းမှာတင် ဖမ်းမိ




တရားမ၀င် ရွှေ့ပြောင်း နေထိုင်သူပေါင်း  ၄၄၀၀ ခန့်ကို စနေနေ့ကပဲ လစ်ဗျားနိုင်ငံ ကမ်းရိုးတန်း မှာ  ကယ်ဆယ် ဖမ်းဆီး လိုက်နိုင်တယ်လို့ အီတလီ ဆိပ်ကမ်း အာဏာပိုင်တွေက ဆိုလိုက်ပါတယ်။

တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေဟာ လှေပေါင်း ၂၀ ခန့် နဲ့ ပြောင်းရွှေ့လာခဲ့ကြတာဖြစ်ပါတယ်။ လစ်ဗျား ကနေ အီတလီ ကို လှေစီးပြီးတရားမ၀င် ရွှေ့ပြောင်းလာခြင်းဟာ အာဖရိက ကနေ ဥရောပ ကို ရွှေ့ပြောင်းအခြေချဖို့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာတင် တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ ၂၀၀၀ ကျော်ဟာ ဥရောပ ကို ထိုလမ်းကြောင်းအတိုင်း ၀င်ရောက်ဖို့ ကြိုးစားရင်း သေဆုံးခဲ့ရပါတယ်။

ကုလသမဂ္ဂ ရဲ့ ပြောကြားချက်အရတော့ ဒီနှစ်ထဲမှာတင် တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ ၂၆၄၅၀၀ ယောက်ဟာ Mediterranean ပင်လယ် ကို ဖြတ်ကျော်ခဲ့ပြီး ဥရောပ ကို ၀င်ရောက်ခဲ့ရာ ၁၀၄၀၀၀ ယောက်ဟာ အီတလီ နိုင်ငံ အတွင်း ရောက်ရှိနေပြီး ဖြစ်သလို ကျန် ၁၆၀၀၀၀ ခန့်ဟာလည်း ဂရိ နိုင်ငံ ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

စနေနေ့က ထို ကယ်ဆယ်မှုမှာတော့ အီတလီ ရေတပ်ပိုင် သဘောင်္ ၂စီး က ဦးဆောင်ပြီး ကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရွှေ့ပြောင်းလာသူတွေရဲ့ သဘောင်္ ၂စီးဟာလည်း နစ်မြုပ်မလို ဖြစ်ခဲ့တဲ့အတွက် ကယ်ဆယ်ခဲ့ရသေးတယ်လို့ သိရပါတယ်။

ထိုကယ်ဆယ်မှုမှာ အီတလီ နိုင်ငံ ရေတပ်ပိုင် စစ်ကူ သဘောင်္တွေအဖြစ် ဥရောပ သမဂ္ဂ ရဲ့ Triton ကယ်ဆယ်ရေး အစီအစဉ် ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ကြတဲ့ နော်ဝေး နဲ့ အိုင်းရစ် သဘောင်္တွေလည်း ပါဝင်ခဲ့ပါသေးတယ်။

ထို တစ်နေ့တည်းမှာတင်ပဲ မက်ဆီဒိုးနီးယား နိုင်ငံ နယ်စပ်မှာလည်း တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေများလာတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယို ဗုံးခွဲခြင်းနဲ့ ရိုက်နှက်ခြင်းတို့ကို ပြုလုပ်ပြီး ဥရောပ တိုက်အတွင်း ပျံ့နှံ့ မသွားအောင် တားဆီးခဲ့ရသေးတယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : BBC
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment