Powered by Blogger.

Hamas အဖွဲ့ဟာ အစ္စရေးတွေ သူလျှိုအဖြစ်လွှတ်ထားတဲ့ တရားမ၀င် လင်းပိုင်တစ်ကောင်ကို ဖမ်းမိ




အစ္စလမ်ဘာသာဝင် ပါလက်စတိုင်းစစ်တပ် Hamas ဟာ အစ္စရေးသူလျှိုလို့ ယူဆရတဲ့ လင်းပိုင်တစ်ကောင်ကို ကင်မရာတွေ၊ အခြားစက်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိကြောင်း ကြေညာခဲ့ပါတယ်။

ဂါဇာအခြေစိုက် Hamas အဖွဲ့က သူတို့ရဲ့ရေတပ်ဌာနက ကင်မရာတွေတပ်ဆင်ထားတဲ့ လင်းပိုင်တစ်ကောင်ကို ဖမ်းဆီးရရှိခဲ့ပြီး အခြားထောက်လှမ်းရေး ကရိယာများကိုလည်း ကမ်းလွန်မှာ တွေ့ရှိသိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

အာရပ်ဘာသာဖြင့် ထုတ်ဝေသော Al-Quds သတင်းစာမှာ လင်းပိုင်ရဲ့ ကိုယ်ပေါ်ကပစ္စည်းတွေကို ဖြုတ်ပစ်လိုက်ပြီဖြစ်ပြီး အစ္စရေးစစ်တပ်ရဲ့အဆိုအရ “ ပြစ်မှုကျူးလွန်သူ” ဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးတပ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်ဘာမျှ တုံ့ပြန်မှုမရှိခဲ့ပါဘူး။

အစ္စရေးက ၂၀၁၀ခုနှစ် ပင်လယ်နီက ငါးမန်းတိုက်ပွဲနဲ့ ပတ်သက်နေတဲ့ Mossad နဲ့ တရားမ၀င် အဆက်အသွယ်ရှိကြောင်းကိုလည်း ငြင်းဆိုခဲ့ဖူးပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment