Powered by Blogger.

ဖမ်းဆီးထားတဲ့ လိင်ကျွန်တွေကတဆင့် ဆီးရီးယားက ISIS စစ်သွေးကြွတွေ ကြားမှာ HIV ပိုး ပျံ့ နှံ့ နေ




ဆီးရီးယားအရှေ့ ပိုင်း Deir ez-Dor စီရင်စု၊ al-Mayadeen မြို့ က တိုက်ခိုက်ရေးသမား အနည်းဆုံး ၁၆ ယောက်ဟာ HIV ပိုးကူးစက်ခဲ့တယ်လို့ ကာ့ဒ်သတင်းအေဂျင်စီ ARA News ကို ဆေးဖက်ဆိုင်ရာသတင်းပေးသူတွေက ပြောကြားခဲ့ပါတယ်။

HIV ပိုး ကူးစက်ခံရတဲ့ ISIS စစ်သွေးကြွတွေဟာ အသေခံဗုံးခွဲသမားတာဝန် ထမ်းဆောင်ဖို့ အတင်းအကျပ်ခိုင်းစေခံနေရတယ်လို့ ဆိုပါတယ်။

မော်ရိုကိုအမျိုးသမီး ၂ ယောက်ဆီက HIV ပိုးကူးစက်ခံထားရတဲ့ အဆိုပါ ၁၆ ယောက်ကို သီးခြားအဆောက်အုံမှာ ထားထားတယ်လို့ သိရပါတယ်။

“ ISIS အဖွဲ့ ရဲ့ ဒေသခံခေါင်းဆောင်ပိုင်းက ရောဂါပိုးရှိနေတဲ့စစ်သွေးကြွတွေကို မြို့ ထဲက သီးသန့် အဆောက်အအုံမှာ ထားရှိဖို့ ကျွန်တော်တို့ ကို အမိန့် ပေးခဲ့တယ်” လို့ al-Mayadeen က ဆီးရီးယားလူမျိုးဆရာဝန်တစ်ယောက်က ပြောပြခဲ့ပါတယ်။

Shaddadi မြို့ က အင်ဒိုနီးရှားလူမျိုး စစ်သွေးကြွတစ်ယောက်က သူ့ ရဲ့ Yezidi အမျိုးသမီး လိင်ကျွန်ကို HIV ပိုး ကူးစက်စေခဲ့ပြီး အဆိုပါအမျိုးသမီးကို တခြား ISIS အဖွဲ့ ဝင်တွေဆီ နောက်ပိုင်းမှာရောင်းချခဲ့တာကြောင်း အကြမ်းဖက်သမားတွေကြားမှာ ရောဂါပျံ့ နှံ့ ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

HIV ရှိနေတဲ့ စစ်သွေးကြွတွေဟာ ISIS ထိန်းသိမ်းထားတဲ့ဆေးရုံမှာလည်း မေလ တုန်းက သွေးလှူမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
အထက်ပါ အင်ဒိုနီးရှားစစ်သွေးကြွကိုတော့ အဖွဲ့ က ကွပ်မျက်ပြီးဖြစ်ပါတယ်။

ဆီးရီးယားအမျိုးသမီးတွေဟာ ISIS ကွပ်မျက်မယ့်အန္တရာယ်ကို ကြောက်ရွံ့ တာကြောင့် တူရကီကို ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment