အပြာမင်းသမီးပုံနဲ့ ထုတ်လုပ်မယ့် ပြည်သူ့ပို့ဆောင်ရေး ကြိုတင်ငွေပေးချေ ကတ်
ဗြိတိန် နိုင်ငံ ၊ လန်ဒန်မြို့မှာတော့ ပြည်သူ့ပို့ဆောင်ရေး အတွက် ကြိုတင်ငွေပေးချေ တဲ့ ကတ်တွေဟာ ဘာဒီဇိုင်းမှ မပါပဲ ဗြောင် ဒီဇိုင်းတွေသာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာပေါ်က မြို့တစ်မြို့မှာတော့ ပို့ဆောင်ရေးအတွက် ကြိုတင် ငွေပေးချေ တဲ့ ကတ် မှာ လူသိများတဲ့ အပြာ မင်းသမီး တစ်ယောက်ရဲ့ ဓါတ်ပုံကို အသုံးပြုထားတယ်လို့ သိရပါတယ်။
ထိုင်ဝမ်နိုင်ငံ ၊ တိုင်ပေ မြို့မှာ အသုံးပြုတဲ့ ကြိုတင်ငွေပေးချေ ကက် (သို့) EasyCard တွေမှာ တရုတ်ပြည်သူတွေကြားရေပန်းစားတဲ့ ဂျပန် အပြာမင်းသမီး Yui Hatano ရဲ့ ဓါတ်ပုံကို ထည့်သွင်းအသုံးပြုထားတယ်လို့ သိရပါတယ်။
Shanghaiist သတင်းဌာန ရဲ့ ဖော်ပြချက်အရ ထို အပြာမင်းသမီး ရေပန်းစား ခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းကတော့ "ယောက္ခထီးကို ဖြားယောင်းသွေးဆောင်တဲ့ သစ္စာမရှိတဲ့ ဇနီး" ဖြစ်တယ်လို့ သိရပြီး မျက်မှန်နဲ့ ကျောင်းဆရာမ အသွင် သရုပ်ဆောင်ပြီး ပုရိသ တွေကို ဆွဲဆောင်ခဲ့တဲ့ မင်းသမီးဟာ အခုတော့ သူမ ပရိတ်သတ်တွေရဲ့ ပိုက်ဆံအိတ်ထဲကို ရောက်ရှိနေပါပြီ။
ထို EasyCard ဟာ ဗားရှင်း ၂ မျိုးနဲ့ ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပြီး Devil ဗားရှင်းကတော့ စက်တင်ဘာ ၁ ရက်နေ့မှာ စတင်ထုတ်လုပ်မှာ ဖြစ်ပြီး Angel ဗားရှင်းကတော့ စက်တင်ဘာ လအလယ် လောက်မှာ ထုတ်လုပ်မယ်လို့ သိရပါတယ်။ Angel ဗားရှင်းမှာ အသုံးပြုမယ့် Yui Hatano ရဲ့ အောင်မြင်ခဲ့တဲ့ အပြာရုပ်ရှင် ကာဗာ က ဓါတ်ပုံကိုပဲ ပြန်လည် အသုံးပြုမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
EasyCard နဲ့ ပတ်သက်တဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီးဖြစ်တဲ့ Lin Hsiao-chi ကတော့ ထို ဓါတ်ပုံကို "လတ်ဆတ် ၊ ကျန်းမာ ပြီး လှပ တဲ့ ဓါတ်ပုံ" လို့ တင်စားထားသလို "ဒီကတ်တွေဟာ သင့်ရဲ့ ပိုက်ဆံ အိတ်ထဲကို ထည့်ထားလို့ ရနိုင်ပါတယ်။ သင် ကတ်ကိုကြည့်လိုက်တဲ့အခါမှာတော့ ကတ်က သင့်ကို ဂုဏ်ပြုပေးပါလိမ့်မယ်" လို့လည်း ဆိုထားပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment