Powered by Blogger.

အ၀တ်မပါပဲ စက်ဘီးစီးကြတဲ့ Philly Naked Bike Ride အစီအစဉ်




အမေရိကန် ပြည်ထောင်စု Philadelphia ပြည်နယ် မှာရှိတဲ့ အသက်အရွယ် အစုံ ၊ ရာထူးအစုံ က ရာပေါင်းများစွာသော စက်ဘီးစီးသမားတွေဟာ Philadelphia ပြည်နယ်မှာ နှစ်စဉ်ကျင်းပတဲ့ Philly Naked Bike Ride အစီအစဉ်အတွက် တနင်္ဂနွေနေ့ က အ၀တ်အစား မပါပဲ စက်ဘီးစီးခဲ့ကြပါတယ်။

အမေရိကန် ပြည်ထောင်စု ရဲ့ နွေရာသီမှာ  စက်ဘီးသမားတွေ ဟာ တစ်ချို့ အ၀တ်မပါပဲ စက်ဘီးစီးကြသလို ၊ တစ်ချို့ကတော့ ခန္ဓာကိုယ်ကို ဆေးသုတ်ခြယ်သ ကာ လောင်စာ ကုန်ခမ်းခြင်းနဲ့ ပတ်သက်တဲ့ အသိပေးမှု ကို ပြသခဲ့ကြပါတယ်။

"ကျွန်တော်ဟာ သဘာဝတရားကို ချစ်ခင် ယုံကြည်သူပါ။ ကျွန်တော်ဟာ ခန္ဓာကိုယ်ရဲ့ လွတ်လပ်မှု ကိုလည်း ယုံကြည်ပါတယ်။ ပြီးတော့ ကျွန်တော် ဟာ စက်ဘီးစီး ၀ါသနာရှင်တစ်ယောက်ပါ " လို့ နှစ်စဉ်ကျင်းပတဲ့ Philly Naked Bike Ride အစီအစဉ်မှာ ၃ ကြိမ်မြောက်ပါဝင်ဆင်နွှဲတဲ့ Debbie Kaighn က ဆိုပါတယ်။ Debbie ဟာ ထိုနေ့မှာ ဖိနပ် နဲ့ခြေအိတ်ကိုသာ ၀တ်ဆင်ထားပြီး ဗလာကျင်းထားတဲ့ ခန္ဓာကိုယ်မှာတော့ အ၀ါရောင် နဲ့ အစိမ်းရောင် တွေကို ခြယ်သထားပါတယ်။

၂၀၁၄ ခုနှစ်ကစတဲ့ ကမ္ဘာ့ဝတ်လစ်စလစ် စက်ဘီးစီးပွဲ ရဲ့ လှုပ်ရှားမှုတွေနဲ့ ဆင်တူတဲ့ ပွဲတော်တွေလည်း Philadelphia ပြည်နယ် မှာ များစွာ ကျင်းပလေ့ရှိပြီး Philly Naked Bike Ride အစီအစဉ်ဟာလည်း ၁၂ မိုင်ကွာဝေးတဲ့ ခရီးကို အ၀တ်ဗလာ နဲ့ စက်ဘီးစီးကြတာပဲ ဖြစ်ပါတယ်။

ထို အစီအစဉ်ကို ညနေ ၃ နာရီ မှာ စတင်ကျင်းပတာ ဖြစ်ပြီး ထိုည မှာတော့ ပါတီပေါင်းများစွာကိုလည်း ကျင်းပကြတယ်လို့ သိရပါတယ်။ ထို ပါတီတွေမှာ အ၀တ်အစား ၀တ်/မ၀တ် ကတော့ မိမိရွေးချယ်ခွင့်ပဲ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment