Powered by Blogger.

မီးသတ်သမားတွေဟာ ဦးခေါင်းမှာ ထိုင်ခုံစွပ်နေတဲ့ နွားကို ကယ်တင်ခဲ့ရပါသတဲ့




အင်္ဂလန်မှ မီးသတ်သမားတွေက မီးသတ်အဖွဲ့ဝင်နှစ်ဦးဟာ ဥယာဉ်ထဲမှာထားရှိတဲ့ ထိုင်ခုံကြားထဲမှာ ခေါင်းညပ်နေတဲ့ နွားတစ်ကောင်ကို ကူညီကယ်ဆယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

Northamptonshire မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့က ကြာသာပတေးနေ့ မနက် ၇နာရီ ၅၀မိနစ်ခန့်က ပလတ်စတစ်ခုံကြားမှာ ခေါင်းညပ်နေတဲ့ နွားကလေးပုံကို Tweeter မှာ ဖော်ပြခဲ့ပါတယ်။

Mounts နဲ့ Wellingborough မှ မီးသတ်အဖွဲ့ဝင်နှစ်ယောက်က အင်္ဂလန် Bouhton ရပ်မှာရှိတဲ့ ထိတ်လန့်ကြောက်ရွံ့နေတဲ့ နွားကလေးကို သွားရောက်ကူညီခဲ့ကြတာဖြစ်ပါသတဲ့။

မီးသတ်ဌာနအဆိုအရ မီးသတ်သမားတွေက ခေါင်းပေါ်မှာ ထိုင်ခုံစွပ်နေတဲ့ နွားလေးကို ဓါတ်ပုံမရိုက်ခင်ကတည်းက နွားဟာ ဒီအခြေအနေကနေ လွတ်မြောက်ဖို့ ကိုယ်တိုင်ကြိုးစား နေခဲ့တာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment