Powered by Blogger.

အလုပ်လျှောက်ထားသူက အ၀တ်ဗလာနဲ့ ရိုက်ကူးထားတဲ့ selfie ပုံပို့မိတဲ့အတွက် အလုပ်ခန့်အပ်ခြင်းမှ ရုတ်သိမ်းခံရ




Illinois နယ်သား အလုပ်လျှောက်ထားသူတစ်ဦးဟာ အ၀တ်ဗလာနဲ့ရိုက်ကူးထားတဲ့ selfie ပုံကို HR မန်နေဂျာဆီသို့ မတော်တဆ မှားပို့မိတဲ့အတွက် အလုပ်ခန့်အပ်ခြင်းမှ ရုတ်သိမ်းခံခဲ့ရပါသတဲ့။

Elmhurst ရဲတွေပြောပြချက်အရ St. Charles ကုမ္ပဏီမှာ အလုပ်ခန့်အပ်ခြင်းခံထားရသူထံမှ HR မန်နေဂျာက သြဂုတ်လ ၁၁ရက်နေ့နဲ့ ၁၃ ရက်နေ့က အ၀တ်ဗလာနဲ့ပုံ၂ပုံကို မက်ဆေ့ခ်ျမှတစ်ဆင့် လက်ခံရရှိခဲ့တဲ့အတွက် သြဂုတ်လ ၁၄ရက်နေ့မှာ ဌာနကို တိုင်းကြားခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

Elmhurst ရဲအရာရှိ Michael Ruth က Chicago Tribune ကို “ ဒီအလုပ်လျှောက်ထားသူကို အလုပ်ခန့်အပ်ဖို့ အကြောင်းကြားထားပြီးဖြစ်ပါတယ်။ သူက HR မန်နေဂျာဆီကို သူကိုယ်တိုင်ရိုက်ကူးထားတဲ့ အ၀တ်ဗလာနဲ့ selfie ပုံ ပို့ခဲ့တာဖြစ်ပါတယ်” လို့ ဖြေကြားထားခဲ့ပါတယ်။

ရဲတွေက ဓါတ်ပုံတွေပို့တဲ့သူက သူရဲ့ အ၀တ်ဗလာ selfie ပုံတွေကို မတော်တဆ မှားပြီးပို့ခဲ့တာလို့ ဆိုပါတယ်။

“ပြစ်မှုကျူးလွန်သူက ပုံတွေကို တခြားတစ်ယောက်ဆီကို ပို့ဖို့ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် မှားပြီးပို့မိတာလို့ ၀န်ခံထားပါတယ်။ နောက်ထပ်မှားယွင်းမပို့မိစေဖို့ အကြံပေးခဲ့ရပါတယ်” လို့ ရဲတွေကဆိုပါတယ်။

HR မန်နေဂျာဘက်ကတော့ ဘာလျော်ကြေးမှ မတောင်းဘူးလို့ဆိုပေမယ့် ရဲတွေကတော့ ဒီလူရဲ့အပြုအမူတွေအတွက် ပြစ်ဒဏ်တစ်ခုတော့ ရှိရမယ်လို့ဆိုပါတယ်။

“ ကျွန်တော် နားလည်သလောက်တော့ ကုမ္ပဏီက အလုပ်ခန့်အပ်ခြင်းကို ပြန်လည်ရုတ်သိမ်းသွားပါပြီ” လို့ Ruth က ပြောသွားပါသေးတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment