Powered by Blogger.

ဗြိတိန် နိုင်ငံ ဒေသ အချို့မှာ ရေကြီး ရေလျှံမှု အန္တရာယ် စိုးရိမ်နေရ




၁၈ နှစ်မှာ တစ်ခါ ဖြစ်လေ့ရှိတဲ့ အံ့ဖွယ်ဒီရေ မြင့်တက်မှုဟာ ဗြိတိန် နိုင်ငံက ဒေသ တစ်ချို့ကို ရေကြီးရေလျှံမှု တွေဖြစ်လာစေနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အေဂျင်စီက သတိပေးလိုက်ပါတယ်။

ဒီရေမြင့်တက်မှုဟာ လ နဲ့ နေ ကြောင့်ဖြစ်ပေါ်လာတဲ့ လ ရဲ့ ဆွဲငင်အားက ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။ ပုံမှန်လည်ပတ်နေကြတဲ့ ကမ္ဘာ ၊ လ နဲ့ နေတို့ဟာ ၁၈ နှစ်မှာတစ်ခါ တစ်တန်းတည်း ဖြစ်သွားပြီးတဲ့နောက်မှာ ပင်လယ်ရေပြင် မျက်နှာပြင်မြင့်တက်မှု တွေဖြစ်ပေါ်လာပြီး သာမန် ဒီရေ မြင့်တက်မှုတွေထက် ပိုမိုကြီးမားတဲ့ အံ့ဖွယ် ဒီရေမြင့်တက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အေဂျင်စီကတော့ ဗြိတိန်နိုင်ငံအတွင်းမှာရှိတဲ့ ဒေသ တွေအတွက် ရေကြီးရေလျှံမှု ၁၀ ခု နဲ့ သာမန် သတိပေးမှု ၄၄ ခု တို့ကို ထုတ်ပြန်ထားပြီး ပြည်သူတွေအနေနဲ့လည်း ပတ်ဝန်းကျင် အနေအထား အပေါ် သတိရှိကြဖို့ မှာကြားထားပါတယ်။

သဘာဝ ပတ်ဝန်းကျင်ဆိုရာ အေဂျင်စီ ဟာ ထို အခြေအနေနဲ့ ပတ်သက်လို့ အစိုးရ ဆိုင်ရာ ရုံးတွေရဲ့ နံဘေးကနေ စောင့်ကြည့်တဲ့ တာဝန်ကို ယူထားပေးပြီး ရေကြီးရေလျှံမှု သတင်းစဉ်တွေနဲ့ သတိပေးမှု တွေကို လိုအပ်သလို ထုတ်ပြန်ပေးနေတာပဲ ဖြစ်ပါတယ်။

Yorkshire ကမ်းရိုးတန်းနဲ့ Gloucestershire ၊ Monmouthshire ဒေသ ပတ်ဝန်းကျင်တွေဟာ ရေကြီးရေလျှံမှု ကို ကြုံတွေ့နိုင်ဖို့ များတယ်လို့လည်း ပြောရေးဆိုခွင့်ရသူတစ်ဦးကဆိုထားပါတယ်။ စက်တင်ဘာ ၁ ရက်နေ့ကလည်း Mersea ကျွန်းစွယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့တွင်း ရေကြီးမှု ၂ ပေ ခန့် ရှိခဲ့ပြီး မော်တော်ယာဉ်တွေလည်း သွားရေးလာရေး ခက်ခဲခဲ့ကြတယ်လို့ သိရပါတယ်။

ဒီရေမြင့်တက်မှု ဟာ ရေကြီးရေလျှံမှု ကို တိုက်ရိုက်ဖြစ်ပေါ်စေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရေမြင့်တက်မှု ဟာ လေဖိအားနည်းရပ်ဝန်း နဲ့ လေတိုက်နှုန်း အားကောင်းမှု တို့ပေါင်းစည်း မိတဲ့အခါမှာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment