Powered by Blogger.

ကျည်ထည့်ထားတဲ့သေနတ်နဲ့ selfie ရိုက်စဉ် မိမိကိုယ်ကို မတော်တဆပစ်ခတ်မိမှုကြောင့် ဆယ်ကျော်သက်တစ်ဦး သေဆုံး




အသက် ၁၉ နှစ်အရွယ် Deleon Alonso Smith ဟာ သူ့ ရဲ့ ၀မ်းကွဲညီနဲ့ အတူ သေနတ်နဲ့ selfie ရိုက်ကူးစဉ် မတော်တဆမောင်းခလုတ်ကို ဆွဲမိပြီး လည်ပင်းကို ကျည်ဆန်ထိမှန်ကာ သေဆုံးခဲ့ရပါတယ်။

ကလေးနှစ်ယောက်အဖေ၊ ဆယ်ကျော်သက် Deleon Alonso Smith ဟာ သေနတ်ကိုင်ထားစဉ်မှာ သူ့ ရဲ့ ပုံနဲ့ ဝမ်းကွဲညီရဲ့ ပုံကို ဖုန်းနဲ့ ဓာတ်ပုံရိုက်နေခဲ့တာဖြစ်တယ်လို့ ရဲတွေက ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့  ဒေသစံတော်ချိန် နေ့ လယ် ၁:၃၀ မှာ အခင်းဖြစ်ပွားရာ Texas ပြည်နယ်၊ Houston မြို့ က သူ့ ရဲ့ တိုက်ခန်းကို ရဲတွေ လာရောက်ပေးဖို့ သတင်းရရှိခဲ့တာဖြစ်ပါတယ်။

ဦးလေးဖြစ်သူ Eric Douglas က “ သူ့ ဘ၀ရဲ့ အဆိုးရွားဆုံးခံစားမှုဖြစ်တယ်” လို့  ဒေသတွင်းရေဒီယိုအသံလွှင့်ဌာန KPRC ကို ပြောကြားခဲ့ပါတယ်။

“ မှင်တက်သွားမိတယ်။ အခုထိ မယုံနိုင်သေးပါဘူး။ မနေ့ က ကျွန်မ မွေးနေ့ ကို သူလာပြီး ကျွန်မကို မွေးနေ့ ဆုတောင်း တောင်းပေးသွားသေတယ်။ အခုတော့ ဒီသတင်းကို ကြားလိုက်ရတယ်” လို့ အဘွားဖြစ်သူ Alma Douglas က ထပ်လောင်းပြောကြားပါတယ်။

Smith ရဲ့ ၀မ်းကွဲညီဖြစ်သူက သူတို့ နှစ်ဦးဟာ အဲဒီနေ့ အစောပိုင်းကတင် သေနတ်ကို ရှာတွေ့ ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment