Powered by Blogger.

ကမ္ဘာ့အရပ်အပုဆုံး လူသား နျူမိုးနီးယား ရောဂါ နဲ့ ကွယ်လွန်




ကမ္ဘာ့သမိုင်းမှာ အရပ်အပုဆုံး လူသားဟာ အသက် ၇၅ နှစ်အရွယ်မှာ နျူမိုးနီးယား ရောဂါ နဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

နီပေါ နိုင်ငံ မှာ နေထိုင်တဲ့ Chandra Dangi ဟာ အရပ် ၂၁.၅ လက်မ သာ ရှည်ပြီး ကမ္ဘာ့အရပ်အပုဆုံး လူသား တစ်ယောက်အဖြစ် ၂၀၁၂ ခုနှစ်မှာ  မှတ်တမ်းတင် သတ်မှတ်ခြင်းခံခဲ့ရပြီး ဂရင်းနစ် စံချိန် တင်ခဲ့ပါတယ်။

Mr Dangi ဟာ သူ့ရဲ့ ရောဂါပိုပိုဆိုးလာတဲ့အတွက် နှီပေါနဲ့ မိုင်ပေါင်း ၇၅၀၀ ဝေးတဲ့ အမေရိကန် ဆာမိုအာ ကျွန်းကို သွားရောက်ပြီး ကုသမှု ခံယူခဲ့ရကာ အမေရိကန် ဆာမိုအာ ကျွန်းရဲ့ Pago Pago မြို့မှာရှိတဲ့ Lyndon B. Johnson Tropical Medical Center မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Mr Dangi ဟာ ကမ္ဘာ့ အရပ်အပုဆုံးလူသား တစ်ယောက် အနေနဲ့ သာမကပဲ ဒေသခံ သူရဲကောင်းတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ အရပ်အပုဆုံး လူသား တစ်ယောက် အဖြစ်သတ်မှတ်ခံခဲ့ရပြီးတဲ့နောက် ကမ္ဘာလှည့်ခရီးသွားခွင့်ရခဲ့ပြီး နိုင်ငံတကာက လှုဒါန်းငွေတွေနဲ့ သူနေထိုင်ရာ နီပေါနိုင်ငံက Reemkholi ဆိုတဲ့ ကျေးရွာလေး ကို အဆင့်မြှင်တင်ဖို့ လိုအပ်တဲ့ ငွေကြေး တွေ ထောက်ပံ့ပေးခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Mr Dangi မှာ ရှိတဲ့ ညီအစ်ကို ၅ ယောက်ထဲမှာ ၃ ယောက်ဟာ အရပ် ၄ ပေ ထက်ပိုမရှည်ကြပါဘူး။ ဒါပေမယ့် သူ့ရဲ့ ညီမ ၂ ယောက်နဲ့ ညီ ၂ ယောက်ကတော့ သာမန် အရပ်အမောင်းပဲ ဖြစ်ကြပါတယ်။

သူဟာ အိန္ဒိယ နိုင်ငံ ၊ နယူးဒေလီ မြို့ က အရပ် ၂၂.၅ လက်မသာ မြင့်မားတဲ့ Gul Mohammed ဆိုသူ ရဲ့ နေရာ ကို ရယူပြီး ဂရင်းနစ် စံချိန် တင်ခဲ့တာပဲ ဖြစ်ပါတယ်။ Gul Mohammed ကတော့ ၁၉၉၇ ခုနှစ်က အသက် ၄၀ အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment