Powered by Blogger.

မက္ကာမြို့ အစ္စလာမ် ဘုရားကျောင်း ထဲ ကရိန်း ပြုတ်ကျရာ သေဆုံးသူ ၁၀၇ ယောက်အထိ ရှိခဲ့




ဆော်ဒီ အာရေးဘီးယား နိုင်ငံ မက္ကာမြို့မှာ ရှိတဲ့ အကြီးဆုံး အစ္စလာမ် ဘုရား ရှိခိုးကျောင်း ခေါင်မိုးပေါ် ဆောက်လုပ်ရေး ကရိန်း ကြီးတစ်ခု ပြုတ်ကျခဲ့တဲ့ ဖြစ်စဉ်တွင် လူသေဆုံး မှု မှာ ၁၀၇ ယောက်ထိ ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာ ရရှိသူအရေအတွက်တော့ ၂၃၈ ယောက် ရှိခဲ့ပါတယ်။

"သေဆုံးသူတွေနဲ့ ဒဏ်ရာ ရတဲ့သူတွေကို ဆေးရုံကို ခေါ်ဆောင်ပြီးသွားပါပြီ။ အခင်းဖြစ်ပွားရာနေရာမှာ ဘာမှ မရှိတော့ပါဘူး" လို့ မြို့တော်ကာကွယ်ရေး အာဏာ ပိုင် တပ်ဖွဲ့ရဲ့ ဗိုလ်ချုပ် Suleiman al-Amr က al-lkhbariya တယ်လီဗေးရှင်း ဌာန ကို ပြောပြခဲ့ပါတယ်။

ဖြစ်စဉ်မှာ လေပြင်းတိုက်ခတ် မှု နဲ့ မိုး သည်းထန်စွာ ရွာသွန်းမှုကြောင်း သစ်ပင်တွေကို ပြိုလဲစေခဲ့သလို ကရိန်းတွေကိုလည်း လှုပ်ရှားသွားစေခဲ့တာဖြစ်တယ်လို့ အဆိုပါ ဗိုလ်ချုပ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ထို မျက်နှာကျက် နဲ့ ခေါင်မိုးက တစ်ဆင့် ပြုတ်ကျ လာတဲ့ ကရိန်းတွေက လူပေါင်းများစွာ ကို ပိမိပြီး ထိခိုက်မှုတွေ ဖြစ်စေခဲ့တဲ့ သွေးထွက်သံယို ဓါတ်ပုံတွေကို လည်း လူမှုကွန်ရက်မှာ ဝေမျှထားတာကိုတွေ့ရပါတယ်။ ထို ကရိန်းတွေဟာ ထို ဘုရားရှိခိုးကျောင်း ကို မွမ်းမံ ဖို့ အတွက် ပြင်ဆင်ထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကရိန်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ထို Grand Mosque ဆိုတဲ့ ဘုရား ရှိခိုးကျောင်းဟာ ကမ္ဘာ့အကြီးဆုံး အစ္စလာမ် ဘုရားရှိခိုးကျောင်း လည်းဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment