Powered by Blogger.

Louisville တိရိစ္ဆာန်ရုံက လူဝံကြီးက ဖုန်းထဲက ဓာတ်ပုံတွေကို စိတ်ဝင်စားနေ


Louisville တိရိစ္ဆာန်ရုံက လူဝံကြီးကတော့ ကောင်လေးတစ်ယောက်နဲ့အတူတူထိုင်ပြီး ဖုန်းထဲပုံတွေကို ကြည့်နေခဲ့ပါသတဲ့။

Louisville တိရိစ္ဆာန်ရုံကို လာရောက်လည်ပတ်ခဲ့သူတစ်ဦးနဲ့အတူ ထိုင်ပြီး လူဝံကြီးတစ်ကောင်ဟာ ဖုန်းထဲက တခြားအကောင်လေးတွေရဲ့ပုံတွေကို ကြည့်ရှုနေတဲ့တာကို ဗီဒီယိုရိုက်ကူးထားခဲ့ပါတယ်။

အနောက်ဘက်မြေနိမ့်ဒေသမှ လူဝံကြီး Jelani ဟာ သူ့ရဲ့မှန်လှောင်အိမ်အပြင်ဘက်မှာ ထိုင်နေတဲ့ ကောင်လေးနဲ့အတူ တခြားလူဝံတွေရဲ့ပုံကို အထဲကနေထိုင်ပြီး အတူတူကြည့်ရှုနေတဲ့ ဗီဒီယိုလေးကို Paul Ross က YouTube မှာ တင်ထားတာဖြစ်ပါတယ်။

လူဝံကြီးဟာ သူနဲ့အမျိုးတူလူဝံပုံတွေအများကြီးကို ကြည့်နေခဲ့ပြီး ကောင်လေးကိုလည်း ဆက်ပြီးကြည့်ဖို့ တွန်းအားပေးနေတာကို တွေ့ရပါတယ်။

 “ Louisville တိရိစ္ဆာန်ရုံက Jelani နဲ့ သူ့ရဲ့အဖွဲ့ကို အဟာရမျှမျှတတကျွေးမွေး စောင့်ရှောက်ထားပြီး ကျယ်ဝန်းတဲ့နေရာ၊ ဆေးဝါးကအစ ပြည့်ပြည့်စုံစုံဖြစ်အောင် ကြိုးစားပြီး ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်” လို့ Ross က သူ့ရဲ့ ဗီဒီယို အညွှန်းစာသားလေးမှာ ရေးသားဖော်ပြထားပါတယ်။

(Michelle)

#သစ်ထူးလွင်(ဗဟုသုတ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment