Powered by Blogger.

Stonehenge ရှိ မြေအောက်မှမဖော်ထုတ်ရသေးတဲ့ အကြီးမားဆုံး ရှေးဟောင်းအထိမ်းအမှတ်ကျောက်တိုင်


တန်ဖိုးမြင့်မားပြီး ကြီးမားလှတဲ့ကျောက်တုံးတွေဟာ ထူးဆန်းအံ့သြဖွယ်ရာ အစီစဉ်တကျရှိတဲ့ Stonehenge ဟာ ကမ္ဘာမြေရဲ့ ထိန်းသိမ်းထားရမယ့် လက်ဆောင်တစ်ခုဖြစ်ပါတယ်။
အင်္ဂလန်မှ သုတေသနပညာရှင်တွေဟာ မူလစက်ဝိုင်းပုံ ကျောက်တိုင်တွေနေရာမှ ၂မိုင်အကွာမှာ နောက်ထပ် အမှတ်တရကျောက်တိုင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ဒါဟာ ကမ္ဘာပေါ်မှာ တခြားမရှိနိုင်တော့တဲ့ အကြီးမားဆုံး ကျောက်တုံးစုစည်းထားရှိမှု ဖြစ်နိုင်ပါသတဲ့။
ဒီရှေးဟောင်းအထိမ်းအမှတ်ကျောက်တိုင်ဟာ အင်္ဂလန်နိုင်ငံ Wiltshire အနီးရှိ Neolithic Settlement ရဲ့တောင်ဖက်စွန်းစွန်း Durrington Walls မှ မြက်ခင်းထူထပ်တဲ့ကုန်းမြင့်နေရာအောက်မှာ မတူးဖော်ရသေးဘဲ ရှာဖွေတွေ့ရှိထားတာဖြစ်ပါတယ်။

 မြေအောက်ကို ထိုးဖောက်ရှာဖွေနိုင်တဲ့ ရေဒါထောက်လှမ်းရေးစနစ်ကို အသုံးပြုပြီးလေ့လာတွေ့ရှိခဲ့တာဖြစ်ပြီး ဘယ်ကျောက်တုံးကိုမှ တူးဖော်ထားခြင်း မရှိသေးပါဘူး။
ဒီအထိမ်းအမှတ်ကျောက်တိုင်ဟာ ကျောက်တိုင်ပေါင်း ၉၀ကျော်ကို C ပုံသဏ္ဍန် စီစဉ်နေရာချထားတာဖြစ်ပါတယ်။

တစ်ချို့ကျောက်တိုင်တွေဟာ ၁၅ ပေခန့်မြင့်ပြီး ပညာရှင်တွေကတော့ ဒီ Superhenge တွေကို နှစ်ပေါင်း ၄၅၀၀ ခန့်က စီစဉ်ထားရှိခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ကျောက်တုံးအများစုဟာ တစ်ခုနဲ့တစ်ခု ရည်ရွယ်ချက်ရှိရှိ တွန်းတိုက်ထားတဲ့ပုံဖြစ်ပါသတဲ့။

ကျောက်တိုင်အများစုဟာ အခုချိန်မှာ ကျိုးပဲ့ပျက်စီးနေပြီး မြေအောက်ရောက်နေတဲ့ တိုင်ပေါင်း ၃၀ကတော့ လုံးဝပျက်စီးခြင်းမရှိသေးကြောင်း သိရပါတယ်။
Stonehenge Hidden Landscapes Project မှ ဗိသုကာပညာရှင်ခေါင်းဆောင် Vince Gaffney က “ ဒါဟာ တကယ့် ထူးခြားချက်ပါပဲ။ ကမ္ဘာပေါ်မှာ တခြားဘယ်နေရာမှာမှ ဒါမျိုးတွေ့နိုင်မယ် မထင်ပါဘူး။ လုံးဝအသစ်စက်စက်ဖြစ်ပြီး အရွယ်အစားအတိုင်းအတာကလည်း အတော်ထူးခြားတယ်လေ။” လို့ ပြောကြားထားပါတယ်။

(Michelle)

#သစ်ထူးလွင်(ဗဟုသုတ)
#knowledge.thithtoolwin.com
Ref : Upi

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment