Powered by Blogger.

ဝက်ဘ်ဆိုဒ် တစ်ခု ကို အသုံးပြုပြီး ၃မွှာပူးကိုယ်ဝန်ဆောင်သယ်အဖြစ် လိမ်ညာခဲ့တဲ့ ဆယ်ကျော်သက်တစ်ဦး




Michigan ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ၁၆ နှစ်သမီး မိန်းကလေးတစ်ဦးဟာ “Fake a Baby” လို့ခေါ်တဲ့ ၀က်ဘ်ဆိုဒ်ကို အသုံးပြုပြီး ၃မွှာပူးကိုယ်ဝန်ဆောင်သယ်အဖြစ် လိမ်ညာထားတာကို စစ်ဆေးတွေ့ရှိခဲ့ပါသတဲ့။

Wyandotte ရဲတွေက ဗိုက်အတု၊ fakeababy.com ၀က်ဘ်ဆိုဒ်မှ အာထရာဆောင်းဓါတ်ပုံအတုတွေကို အသုံးပြုပြီး ၃မွှာပူးကိုယ်ဝန်ဆောင်ထားရပါတယ်လို့ ၁၀ လကြာလိမ်ညာခဲ့တဲ့ မိန်းကလေးကို စစ်ဆေးခဲ့ရကြောင်း ပြောကြားထားပါတယ်။

ကိုယ်ဝန်ဆောင်ကဲ့သို့ လိမ်ညာနေချိန်အတွင်းမှာ ဒေါ်လာတွေများစွာရရှိခဲ့တဲ့အပြင် လက်ဆောင်တွေ လှူဒါန်းငွေတွေကိုပါ သိမ်းဆည်းယူဆောင်ထားတဲ့အတွက် မိန်းကလေးရဲ့ အပြုအမူတွေဟာ ပြစ်မှုမြောက်တယ်လို့လည်း ဆိုပါတယ်။

မိန်းကလေးက ဗိုက်ခွဲမွေးဖို့ တစ်ရက်အလိုမှာ ကိုယ်ဝန်ပျက်ကျသွားပြီလို့ ပြောတဲ့အတွက် မိန်းကလေးရဲ့ ရည်းစားဖြစ်သူ ၁၆နှစ်သား Jordan နဲ့ သူ့မိသားစုဟာ သူတို့နဲ့အတူတူ ဆရာဝန်ဆီသွားဖို့ ငြင်းဆန်ခဲ့တဲ့ မိန်းကလေးကို မသင်္ကာတဲ့အတွက် သက်ဆိုင်ရာအာဏာပိုင်တွေကို ဆက်သွယ်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

Jordan ရဲ့အန်တီဖြစ်သူ Jessica Adams က WJBK-TV ကို “ အဲဒါနဲ့ ကျွန်မကဖုန်းဆက်ပြီး သူ့ကို နေ့စေ့လစေ့မို့ ဆေးရုံသွားဖို့ ပြောပေမယ့် သူကမသွားခဲ့ဘူး။ ပြီးတော့ ကလေးတွေရဲ့ နှလုံးခုန်သံကိုလည်း မကြားဘူး။ ဒါကြောင့် စုံစမ်းစစ်ဆေးသူတွေနဲ့ စစ်ဆေးတဲ့အခါ နောက်ဆုံး သူပြောတာက ကိုယ်ဝန် ၆ပတ်မှာ ပျက်ကျသွားတယ်လို့ ၀န်ခံခဲ့တယ်” လို့ ဖြေကြားသွားပါတယ်။

မိသားစုဝင်တွေအတွက်ကတော့ ဒီမိန်းကလေးဟာ အစကတည်းက ကိုယ်ဝန်ရှိခဲ့တာဟုတ်မဟုတ် မေးခွန်းထုတ်စရာ ဖြစ်နေတာပါပဲ။

ရဲတွေကတော့ မိန်းကလေးရဲ့ မိဘတွေကကော ဒီလိမ်ညာမှုမှာ ပါဝင်ပတ်သက်မှု ရှိမရှိ စုံစမ်းရမယ်လို့ ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment