Powered by Blogger.

၆ပေရှည်လျားပြီး ရှေးကျတဲ့ ပင်လယ် ကင်းမြီးကောက်ကြီးကို ရှာဖွေတွေ့ရှိ




သိပ္ပံပညာရှင်တွေဟာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကမ္ဘာပေါ်က ပထမဦးဆုံး ကြီးမားလှတဲ့ သားရဲတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကတော့ ဧရာမ ကင်းမြီးကောက်ကြီးပဲဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ သဲကန္တာရထဲမှာ နေထိုင်ကျက်စားတာ မဟုတ်ပါဘူး။ သူဟာ ပင်လယ်ကင်းမြီးကောက်အမျိုးအစားဖြစ်ပြီး ၆ ပေနီးပါးရှည်လျားပါသတဲ့။

စူပါဟီးရိုး ရုပ်ပြကားတွေထဲကလို Iowa ဒေသရှိ ရှေးဟောင်း ဂြိုလ်နဲ့ကြယ်ပျံများ အကြောင်းလေ့လာသူ ရှေးဟောင်းသုတေသနပညာရှင်က ဒီကင်းမြီးကောက်ကြီးကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီသတ္တ၀ါဟာ ခန့်မှန်းချေ နှစ်သန်းပေါင်း ၄၆၀ နီးပါး ရှိပြီလို့ သိရပါတယ်။

BMC Evolutionary Biology ဂျာနယ်မှာ ဒီမျိုးစိတ်အသစ်အကြောင်းကို နောက်ဆုံးရရှိသတင်းအဖြစ် ဖော်ပြထားတာဖြစ်ပါတယ်။

ပညာရှင်တွေအဆိုအရ ဒီမျိုးစိတ်ဟာ အောက်ဆီဂျင်နဲ့ ဆားပါးဝင်မှုနည်းပါးတဲ့ ရေတိမ်ပိုင်းတွေမှာ ကျက်စားလေ့ရှိပြီး အခြားရှေးကျတဲ့ ပင်လယ်ရေနေသတ္တ၀ါတွေနဲ့ မတူညီတဲ့ နေထိုင်စားသောက်မှု ပုံစံဖြစ်ပါသတဲ့။ ဒီသားရဲတွေဟာ ငါးနဲ့ အခြားကျောရိုးမဲ့သတ္တ၀ါတွေကို ရှာဖွေစားသောက်တယ်လို့ ဆိုပါတယ်။

 “ ဒီ ရှာဖွေတွေ့ရှိမှုဟာ ပုံမှန် ပင်လယ်သတ္တ၀ါတွေရဲ့ နေထိုင်မှုဘ၀တွေကနေ ထင်ထင်ရှားရှား ကွဲထွက်နေတာဖြစ်ပြီး ကျောက်ခေတ်လူမှုအဖွဲ့အစည်းရဲ့ ပုံစံအသစ်ကို ဖွင့်ဟပြသလိုက်တာပဲ ဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment