Powered by Blogger.

အိုင်းစတိုင်းထက် ဥာဏ်ရည်မြင့်တဲ့ ကလေးငယ်




မထင်မှတ်ထားတဲ့ ကျောင်းသူလေး တစ်ဦးဟာ ကမ္ဘာကျော် ဥာဏ်ကြီးရှင်တွေဖြစ်ကြတဲ့ Albert Einstein နဲ့ Stephen Hawking တို့ရဲ့ ဥာဏ်ရည်ထက်သာလွန် ပြီး Mensa ဥာဏ်ရည် စစ်ဆေးရေးမှာ အကောင်းဆုံး ရလဒ်တွေ ရခဲ့တယ်လို့  သိရပါတယ်။

ဥာဏ်ရည်ထက်မြတ်တဲ့ အသက် ၁၂ နှစ်အရွယ် ကလေးငယ်လေး Lydia Sebastian ဟာ သူမရဲ့ မိဘတွေကို နားပူနားဆာ လုပ်လုပ်ပြီး သူမအတွက် အားလပ်ရက် မှာ မေးခွန်းပုံစံ တွေ ရှာဖွေပေးဖို့တောင်းဆိုခဲ့ပြီး လေ့လာမှတ်သားထားခဲ့တာဖြစ်ပါတယ်။

တစ်ကယ်တမ်း ဥာဏ်ရည်စစ်ဆေးတဲ့ စာမေးပွဲမှာတော့ အသက် ၁၂ နှစ်အရွယ် Lydia ဟာ Cattrall III B မေးခွန်းမှာ ကမ္ဘာ့အမြင့်ဆုံး ရမှတ်တစ်ခုအဖြစ် ၁၆၂ မှတ်တိတိ ရခဲ့တယ်လို့ သိရပါတယ်။ မယုံကြည်နိုင်စရာ တစ်ခုကတော့ ထို ကောင်မလေးရဲ့ ရမှတ်ဟာ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေထက်ကျော်လွန်သွားတာပါပဲ။

Albert Einstein နဲ့ Stephen Hawking တို့ ၂ ယောက်လုံးဟာ Cattrall III B စာမေးပွဲမှာ ရမှတ် ၁၆၀ ထိ ပဲ ရရှိခဲ့ကြတဲ့အတွက် Lydia ရဲ့ ရမှတ်ဟာ လက်ရှိမှာ အများဆုံး ဖြစ်နေပါတယ်။ Lydia ဟာ Colchester County မိန်းကလေး အထက်တန်း ကျောင်းမှာ သူမရဲ့ ဒုတိယ နှစ်ကို တက်ရောက်မှာ ဖြစ်ပြီး သူမရဲ့ ဘာသာစကားကျွမ်းကျင်မှု ၊ ဆင်ခြင် တုံတရား ၊ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ နဲ့ ယုတ္တိဗေဒ အမြင်တွေကို သင်ကြား စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Lydia ဟာ ငယ်စဉ်ကတည်းက စာအုပ်စာပေ ဖတ်ရှု ချစ်မြတ်နိုးသူ တစ်ယောက် ဖြစ်တဲ့အလျှောက် သူမဟာ ဟယ်ရီပေါ်တာ စီးရီး စာအုပ် ၇ အုပ်လုံး ကို ၃ ကြိမ်တိုင် အပြန်အလှန် ဖတ်ရှုပြီး ဖြစ်တယ်လို့ သိရပါတယ်။ သူမရဲ့ ဖခင်ဖြစ်သူ Arun ကလည်း Colchester အထွေထွေဆေးရုံမှာ ဓါတ်မှန် ပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။

Lydia ဟာ အသက် ၄ နှစ်ကတည်းက တယော စထိုးတတ်ခဲ့ပြီး ၆ လသားအရွယ်မှာ တင် စကားစပြောတတ်ခဲ့တဲ့ တစ်ဦးတည်းသော ကလေးငယ်လေးပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment