Powered by Blogger.

လေယာဉ်တစ်စီးကို တစ်ယောက်တည်းဆွဲပြဦးမယ့် အလေးမချန်ပီယံ အမျိုးသမီး




ဒီအမျိုးသမီးဟာ ရုရှား နိုင်ငံ ၊ Irkutsk မြို့ မှာနေထိုင်တဲ့ အလေးမ ချန်ပီယံ Oksana Kosheleva ဖြစ်ပြီး သူမဟာ ၁၇ တန် နဲ့ အထက် အလေးချိန်ရှိတဲ့ ကားရထား တစ်စီးကို ၅ မီတာ အကွာအဝေး ထိ ရွေ့သွားအောင် ဆွဲပြနိုင်ခဲ့ပါတယ်။

သူမဟာ ရုရှားနိုင်ငံ ရဲ့ အားကစား စံချိန် ကို တောင် ချိုးဖျက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း သူမဟာ ဒီလောက်နဲ့ တင်ရပ်လိုက်မှာ မဟုတ်ပါဘူး။ သတင်းဖော်ပြချက်တွေအရ Oksana ဟာ တန် ၂၀ အလေးချိန် ရှိတဲ့ လေယာဉ်တစ်စီးကို သတ်မှတ်နေရာ တစ်ခုရောင်အောင် ဆွဲပြီး ရွှေ့ပြဖို့ ကြိုးစားကာ ကမ္ဘာ့ ဂရင်းနစ် စံချိန် တင်နိုင်တော့မှာပါ။

"ကျွန်မ လေယာဉ်တစ်စီးကို ဆွဲပြဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ကားရထား တစ်စီးပဲ ရွှေ့နိုင်ခဲ့ပါသေးတယ်။ သိပ်တော့ မခက်ခဲပါဘူး။ ဒီထက်တော့ ပိုကြာ သင့်ပါတယ်။ နောက်ကြိမ်တော့ ကျွန်မ တို့ အချိန်ကြာကြာ ဆွဲ နိုင်အောင် လုပ်ရပါမယ်။ ကားရထား ၂ စီး (သို့) ၃ စီး (သို့) ၄ စီး လည်း ဖြစ်လာနိုင်ပါတယ်" လို့ သူမက ဆိုပါတယ်။

အခုလို လေးလံလှ တဲ့ အရာတစ်ခုကို ဆွဲပြနိုင်ဖို့ ဘာတွေကြိုတင်ပြင်ဆင်ရသလဲ ဆိုတဲ့ မေးခွန်းကိုတော့ Oksana က "စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု ကလည်း အရေးကြီးပါတယ်။ သင်ဒါကို လိုအပ်လား ၊ မလိုအပ်ဘူးလားဆိုတာကို သင် ပြတ်ပြတ်သားသား သဘောပေါက်ဖို့ လိုပါတယ်။ အကယ်၍ သင်မလိုအပ်ဘူးဆိုရင် သင် ဒီပြိုင်ပွဲကို နိုင်မှာ မဟုတ်ပါဘူး" လို့ ပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment