Powered by Blogger.

အစ္စလာမ်ဘာသာရေး အခမ်းအနားမှာ အပေါ်ပိုင်းဗလာ နဲ့ အမျိုးသမီး ၂ ဦး ဆန္ဒထုတ်ဖော်




အပေါ်ပိုင်းဗလာ နဲ့ အမျိုးသမီး ၂ ဦးဟာ ပြင်သစ် နိုင်ငံ မှာ ကျင်းပခဲ့တဲ့ အစ္စလာမ် ဘာသာရေး ညီလာခံ ရဲ့ မိန့်ခွန်းပြောကြားတဲ့ အစီအစဉ်အတွင်း စင်မြင့်ပေါ် တက်ရောက်လာပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ထိုအမျိုးသမီး ၂ ဦးဟာ စင်မြင့်ပေါ် ပြေးတက်လာပြီး မိုက်ခရိုဖုန်းကို ဆွဲယူခဲ့သလို အစ္စလာမ် ဘာသာရေး ခေါင်းဆောင် ၂ ယောက်အသွင် မှတ်ယူကာ လေထဲမှာလျှောက်ထိုးနေခဲ့ပြီး စိတ်ပျက်စရာ ကောင်းလောက်အောင် အခမ်းအနား ကို နှောင့်ယှက်ခဲ့ကြပါတယ်။

သတင်းဖော်ပြချက်တွေက အခိုင်အမာ ဖော်ပြခဲ့တာကတော့ ထို ဘာသာရေး ခေါင်းဆောင် ၂ ဦးဟာ သူတို့ရဲ့ ဘာသာရေး အသိပညာ ပို့ချချက်တွေမှာ အမျိုးသားတွေဟာ မိမိဇနီးသည်ကို ရိုက်နှက် ခွင့်ရှိတယ်ဆိုတဲ့ အကြောင်းအရာကို ထည့်သွင်း ပို့ချခဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

ထို ဆန္ဒထုတ်ဖော် တဲ့ အမျိုးသမီး တွေကတော့ Femen လို့ ခေါ်တဲ့ အမျိုးသမီး ၀ါဒီ အဖွဲ့ဝင်တွေဖြစ်ကြပြီး သူမတို့ဟာ အပေါ်ပိုင်း အ၀တ်ဗလာ ဖြစ်နေတဲ့အပြင် ခန္ဒာကိုယ်မှာလည်း အရင် Femen အဖွဲ့ရဲ့ ဆန္ဒထုတ်ဖော်မှု တွေအကြောင်းလည်း မှင်နဲ့ ရေးသားထားကြပါတယ်။

မကြာခင်မှာတော့ လုံခြုံရေး ၀န်ထမ်းတွေဟာ ထို အမျိုးသမီး ၂ ဦးကို တားမြစ် ဆွဲခေါ်သွားခဲ့ကြပြီး ထိုပွဲကို စီစဉ်တဲ့ Organizer တွေက အမျိုးသား အချို့ကို စင်ပေါ်ခေါ်လာခဲ့ပြန်ပါတယ်။ ထို အမျိုးသားတွေထဲက တစ်ယောကကတော့ အမျိုးသမီး ဆန္ဒထုတ်ဖော်သူတစ်ဦးကို ကန် ခဲ့ပြီး မြေပြင်ပေါ် တရွတ်တိုက်ဆွဲသွားခဲ့တယ်လို့ လည်းသိရပါတယ်။

ထို အမျိုးသမီးတွေဟာ ဘယ်သူဘယ်ဝါ ဆိုတာ အတိအကျမသိရသေးပေမယ့် သူမတို့ ၂ ဦးဟာ Femen အဖွဲ့ ရဲ့ ကိုယ်စား ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်တယ်လို့ မှတ်ယူထားကြပါတယ်။ Femen အဖွဲ့ဟာ ၀တ်လစ်စလစ် လှုပ်ရှားမှု တွေကြောင့် နာမည်ကြီးနေတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment