Powered by Blogger.

အမျိုးသမီး လက်ဝှေ့သမား ရဲ့ ဖုန်းကို ခိုးဖို့ကြိုးစားတဲ့ ဖုန်းသူခိုး လည်ပင်းညှစ်ခံရ




ဘရာဇီးလ် နိုင်ငံ က ဖုန်းသူခိုးတစ်ယောက်ဟာ အမျိုးသမီး ကိုယ်ခံပညာပေါင်းစုံ(MMA) လက်ဝှေ့သမား တစ်ယောက်ရဲ့ဖုန်းကို သွားခိုးမိရာကနေ ထို လက်ဝှေ့သမား အမျိုးသမီးက သူ့ရဲ့ လည်ပင်းကို ခြေထောက်နဲ့ ညှစ်ထားတဲ့အတွက် အဖေကယ်ပါ ၊ အမေ ကယ်ပါ အော်နေခဲ့ရပါတယ်။

Monique Bastos လို့ခေါ်တဲ့ အသက် ၂၃ နှစ်အရွယ် ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာပေါင်းစုံ(MMA) လက်ဝှေ့သမား အမျိုးသမီးဟာ Jiujitsu ဆိုတဲ့ ကိုယ်ခံပညာရပ် မှာ ခါးပတ်အပြာ ရထားသူ တစ်ယောက်ဖြစ်ပါတယ်။ သူမ နဲ့ အခြားအမျိုးသမီး တစ်ယောက် ဟာ Acailandia ဆိုတဲ့ မြို့ရဲ့ လမ်းတွေ ပေါ်မှာ သွားလာနေစဉ်မှာပဲ  Wesley Sousa de Araujo ဆိုတဲ့ အမျိုးသား နဲ့ အခြားအမျိုးသား တစ်ယောက် ဟာ ထို အမျိုးသမီး ၂ ယောက်ရဲ့ ဆဲလ်ဖုန်းတွေကို ခိုးယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

Bastos ရဲ့ ပြောကြားချက်အရတော့ အခြား ဖုန်းသူခိုး တစ်ယောက်ဟာ သူမ ရဲ့ ဖုန်းကို ခိုးယူပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် ကျန်ရှိနေခဲ့တဲ့ Araujo ကို နောက်ပြန်-လည်ပင်းညှစ်နည်းနဲ့ စတင်တိုက်ခိုက်ခဲ့ကာ သုံးပွင့်ဆိုင် လည်ပင်းညှစ်နည်း ဆိုတဲ့ တိုက်ကွက်နဲ့ ရဲဝန်ထမ်းတွေရောက်မလာခင် မိနစ် ၂၀ တိတိ ဖမ်းချုပ်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

Araujo ကတော့ Bastos သူ့ကို ဖမ်းချုပ်ထားစဉ်အတွင်း သူ့ရဲ့ မိဘတွေကို အော်ဟစ် တိုင်တည်နေတာ တွေ့ရမှာပါ။

"အဖေ ၊ အဖေ ၊ ရဲခေါ်ပေးပါ ၊ အဖေ ၊ သခင်ယေရှု ကူညီပါ။ ငါကျိန်ဆိုပါတယ်။ ဒါဟာ ငါပထမဆုံး အကြိမ် ဒီလိုလုပ်တာပါ။ ဘုရားသခင် ကယ်တင်ပါ။ တစ်ယောက်ယောက် ငါ့ကိုကူညီပါ။ ငါ့အမေ ဘယ်မှာလည်း" စသဖြင့် Araujo က အော်ဟစ်နေခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပြောကြားချက်အရတော့ Araujo ဟာ ရဲစခန်းမှာ ဖုန်းခိုးမှု နဲ့ ပတ်သက်ပြီး ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments:

  1. (ပိုင်းလော့ဆရာတ်ေရဲ့ အချိန်တိုင်းတွေးရင်းဘ၀ပြောင်း နေသည်)Animal---ဆိုတဲ့တရားတော်အရနေပြည်တော် အုပ်ချုပ်ရေးပိုင်းနဲ့ တရားရေးပိုင်းတွေ ခွေးဖြစ်သွားတာ မသေမှီ တွေ့သွားချင်တယ် -
    (((အားလုံး ညီညွတ်စွာ မဲမပေးကြဘဲ ဆန္ဒပြကြရအောင်)))

    ReplyDelete