Powered by Blogger.

California မြို့ထဲကလမ်းတွေပေါ်မှာ ကျားပေါက်လေးတစ်ကောင် လျှောက်သွားနေတာ တွေ့ရှိ




California ပြည်နယ် က မြို့တစ်မြို့မှာ လျှောက်သွားနေတဲ့ ၃ လသားအရွယ် ကျားပေါက်လေးတစ်ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါတယ်။

the Ramona Humane Society of San Jacinto ရဲ့ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာမှာ ပလတ်စတစ်ပုံးထဲက ရေကိုသောက်ပြီး လျှောက်သွားနေတဲ့ ကျားငယ်လေးကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို တင်ထားခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးက Hemet က လမ်းတွေပေါ်မှာ လျှောက်သွားနေတဲ့ ကျားကလေးကို ကြာသာပတေးနေ့က တွေ့ရှိခဲ့တာဖြစ်ပါသတဲ့။

ရှားပါးအဖြူရောင်ကျားတစ်ကောင်အပါအ၀င် အရွယ်ရောက်ပြီးသား ကျားကောင်ရေ ၈ကောင်ရှိတဲ့ Phelan မှ Forever Wild Exotic Animal Sanctuary ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို ခေါ်ဆောင်ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ကျားပေါက်လေးဟာ ၂၅ပေါင်ရှိပြီး ခြေသည်းတွေကျွတ်နေပြီး ခွဲစိတ်ကုသမှု ခံယူဖို့လိုတဲ့ အူကျတဲ့ရောဂါလည်း ခံစားနေရတယ်လို့ ပြောရေးဆိုခွင့်ရှိသူ သားရဲတိရစ္ဆာန်ကျွမ်းကျင်ပညာရှင် Joel Almquist က ဆိုပါတယ်။

“ ကျားပေါက်လေးဟာ အခြေအနေကောင်းမွန်ပြီး စိတ်နေစိတ်ထားလည်း ကောင်းမွန်တဲ့အခြေနေပါပဲ” လို့ NBC Los Angeles ကို ဖြေကြားထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment