Powered by Blogger.

၁၂၅ မီတာ တိတိ ရေပေါ်လမ်းလျှောက်ပြပြီး ကမ္ဘာ့စံချိန် တင်ခဲ့တဲ့ ဘုန်းကြီး




ဒါဟာ ယနေ့ခေတ်မှာ တွေ့ရဖို့ ခက်ခဲတဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုလိုပါပဲ။

ဒီ ထူးဆန်းလှတဲ့ ဗီဒီယို မှာတော့ ဘုန်းကြီးတစ်ပါးဟာ ရေပေါ်မှာ လမ်းလျှောက်ပြပြီး ကမ္ဘာ့စံချိန်တင်သွားခဲ့ပါတယ်။ သူအများဆုံး ရေပေါ်မှာ လမ်းလျှောက်နိုင်ခဲ့တဲ့ အကွာအဝေးကတော့ ၁၂၅ မီတာ ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ကျောင်းတိုက် တစ်ခုဖြစ်တဲ့ Quaznhou ရှောင်လင် ဘုန်းကြီးကျောင်း ရဲ့ အဖွဲ့ဝင် ဘုန်းကြီးတစ်ပါး ဖြစ်တဲ့ Shi Liliang ဟာ သူကိုယ်တိုင်ပဲ ဇန်န၀ါရီလ မှာ စံချိန်တင်ထားခဲ့တဲ့ ၁၂၀ မီတာ အထိ ရေပေါ်လမ်းလျှောက်ပြခဲ့တဲ့ စံချိန်ကို ချိုးဖျက်ပြီး စံချိန်အသစ် ထပ်တင်နိုင်ဖို့ ကြိုးစားနေတာ ၃ ကြိမ်ရှိခဲ့ပါပြီ။

ပရိတ်သတ်မြောက်များစွာကလည်း သြဂုတ်လ ၂၉ ရက်နေ့က Shi Liliang ဆိုတဲ့ ဘုန်းကြီး စံချိန်တင်ဖို့ ကြိုးစားခဲ့တဲ့ နယူးဒေလီ မြို့က ကန်ထဲမှာ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တစ်ကယ်တမ်း ရေပြင်ပေါ် လမ်းလျှောက်ပြခဲ့တာတော့ မဟုတ်ပါဘူး။ သစ်သားပြား အချပ် ၂၀၀ ခန့်ကို ရေပြင်ပေါ်မှာ ကြမ်းခင်းသဖွယ် ခင်းထားပြီး နင်းလျှောက်သွားတာမျိုးပဲ ဖြစ်ပါတယ်။

Shi က ထို သစ်သားပြားတွေကို ကိုယ်ဖော့ပြီး တည့်တည့် နင်းလျှောက်သွားကာ ၁၂၅ မီတာ ဝေးတဲ့ ကန်ရဲ့ အခြားတစ်ဖက်ကို ရောက်အောင် ဖြတ်ကူးပြီး ကမ္ဘာ့စံချိန်တင် နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်မောင်းတွေကို အသုံးပြုပြီး ခန္ဓာကိုယ် ရဲ့ ဟန်ချက်ကို ထိန်းခဲ့သလိုပဲ Shi ကိုယ်တိုင်ကလည်း India TV သတင်းဌာနကို ပြောပြခဲ့တာကတော့ အမြန်နှုန်းနဲ့ စိတ်ရှည်ခြင်း တို့ဟာ အဓိက နည်းလမ်း တွေ ဖြစ်တယ်လို့  ဆိုပါတယ်။

Shi ရဲ့ အံ့ဖွယ် ကြိုးစားအားထုတ်မှု ကို အောက်ပါအတိုင်း ဗီဒီယို ရိုက်ကူးထားပြီး YouTube ပေါ်တင်ထားခဲ့တာ ကြည့်ရှုခဲ့တဲ့ အကြိမ်အရေအတွက် ၃.၆ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။




( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment