Powered by Blogger.

တရုတ်နိုင်ငံက အိုဘားမား




တရုတ်နိုင်ငံက ခေါင်းဆောင်တွေနဲ့ အမေရိက ခေါင်းဆောင်တွေနဲ့ဟာ လာမယ့် သောကြာင်္နေ့ ၀ါရှင်တန် ဒီစီ မြို့တော် မှာ တွေ့ဆုံ ကြမှာ ဖြစ်တဲ့အတွက် ခေါင်းစီး သတင်းတွေမှာ ပါလာဦးမှာပါ။

ဒါပေမယ့် တရုတ်နိုင်ငံရဲ့ Guangzhou မြို့တော်မှာတော့ တရုတ်ပြည်က အိုဘားမားဟာ ဂိုဏ်းစတား တစ်ယောက်အဖြစ်နဲ့ တီဗွီဖန်သားပြင်ပေါ် ရောက်လာတော့မှာပါ။

ထို Xiao Jiguo ဆိုသူ တရုတ်ပြည်က အိုဘားမားဟာ တစ်ကယ်တော့ အမေရိကန် သမ္မတ အိုဘားမား ရဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်နေတာတော့မဟုတ်ပါဘူး။ ရုပ်ချင်းသာ ဆင်နေတာဖြစ်ပါတယ်။ Xiao ဟာ ၂၀၁၂ ခုနှစ်က Chinese Dream ဆိုတဲ့ တီဗွီအစီအစဉ်မှာ ပါဝင်ခဲ့ပြီး စတင် အောင်မြင်လာတာ ဖြစ်ပါတယ်။

အခု လက်ရှိမှာတော့ Xiao Jiguo ဟာ Huo Bao ဆိုတဲ့ ဇာတ်လမ်းထဲလည်း စုံထောက်တစ်ယောက် အဖြစ်သရုပ်ဆောင်နေတာ ဖြစ်ပြီး ထိုဇာတ်လမ်းဟာ နောက်နှစ် နွေရာသီမှာ စတင် ပြသမှာ ဖြစ်ပါတယ်။ ထို ဇာတ်လမ်းဟာ ဟသ ဇာတ်လမ်းလည်း ဖြစ်တဲ့အတွက် Xiao Jiguo ဟာ အိုဘားမားက ဂိုဏ်းစတား ယောင်ဆောင်ထားတဲ့ စုံထောက် ပုံစံ မျိုးဖြစ်အောင် အိုဘားမား ရဲ့ ဖက်ရှင်နဲ့ အထာတွေကို ယူသုံးထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထို ဇာတ်ကောင်ကတော့ အိုဘားမား ရဲ့ ဇာတ်ရုပ်မဟုတ်ပါဘူး။

အင်္ဂလိပ်စာ သိပ်မကောင်းတဲ့ Xiao ဟာ အိုဘားမားနဲ့လည်း သွေးအုပ်စု တူညီပြီးသူ့ရဲ့ မွေးနေ့ဟာလည်း အိုဘားမား ရဲ့ မွေးနေ့နဲ့ တစ်ရက်ပဲ ကွာတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း သူဟာ အသက်၂၉ နှစ်သာ ရှိသေးပြီး သူ့ရဲ့ နောက်ကြောင်းရာဇ၀င်ကတော့ တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။ သူဟာ စက်ရုံမှာလည်း ဆယ်စုနှစ်တစ်ခုစာလောက် လုံခြုံရေး ၀န်ထမ်းလုပ်ခဲ့ရသေးတယ်လို့ သိရပါတယ်။ သူဟာ အိုဘားမား နဲ့ ဆင်တူတဲ့အတွက် တရုတ်နိုင်ငံက မျက်နှာခွဲစိတ်ပြုပြင် ဆေးခန်းတစ်ခုရဲ့ ကြော်ငြာမှာ ပါဝင်သရုပ်ဆောင်ပေးခဲ့ရပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ မျက်နှာကတော့ ခွဲစိတ်ပြုပြင်ထားခြင်းမရှိဘူးလို့ Xiao ကဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment